ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌသစ်အား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ကြိုဆို










  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အုပ်ချုပ်မှု ဒါရိုက်တာ ခရစ္စတင်းလာဂါ့သည် ကမ္ဘာ့ဘဏ်အဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဂျင်မ်ယွန်ကင်မ်အား ဇူလိုင် ၂ ရက်က နွေးထွေးစွာ ကြိုဆိုလိုက်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်အဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် ဂျင်မ်ယွန်ကင်မ် စတင်တာဝန်ယူသည့် နေ့မှာပင် ၄င်းအား နွေးထွေးစွာ ကြိုဆိုခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ IMF နှင့် ကမ္ဘာ့ဘဏ် အဖွဲ့တို့အကြား ရင်းနှီးသော ဆက်ဆံရေးမျိုးရရှိရန်လည်း မျှော်မှန်းထားကြောင်း ခရစ္စတင်းလာဂါ့က ပြောကြားသည်။ IMF အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့သည် အထူးတာဝန်တစ်ရပ်ကို အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဂျင်မ်နှင့် မိမိတို့သည်လည်း ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု ရယူထားပြီးဖြစ်သည်ဟု သူမက ဆက်လက်ပြောကြားသည်။ ဂျင်မ်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းကို ဦးဆောင်ရန်အတွက် ဇူလိုင် ၁ ရက်က ရောဘတ်ဇိုလ်ခစ်ခ်၏ နေရာကို ဆက်ခံခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက်မှစ၍ စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment