ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

အောက်တိုဘာလမှ စတင်ကာ ရန်ကုန်-ကိုးရီးယား လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲ သွားနိုင်ရန် စီစဉ်



From : MRTV-4
တောင်ကိုရီးယား နိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တို့ ကို အောက်တိုဘာ လအတွင်းမှာ ကိုရီးယား အဲလေကြောင်း
လိုင်းမှ တိုက်ရိုက် ပြေးဆွဲနိုင်ရန် အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း လိုင်းဟာ တောင်ကိုရီးယား နိုင်ငံ အင်ချွန်း နိုင်ငံတကာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နှစ်နိုင်ငံ လေကြောင်း လိုင်းပျံသန်းရာမှာ ပျံသန်းချိန်နဲ့ ခရီးသွားများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ဖို့ ပြေးဆွဲ သွားမှာဖြစ်ပြီး တစ်လကို လေးကြိမ်ခန့် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပြေးဆွဲမှု ကိုတော့ အောက်တိုဘာလ ၀န်းကျင်မှာ ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ အဆိုပါ လေကြောင်း ပြေးဆွဲရန် အတွက်ကို လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှာ လာရောက် လေ့လာခြင်းများ ပြုလုပ် လျက်ရှိပြီး ပျံသန်း ပြေးဆွဲနိုင်ရန် အတွက်ကို လည်းပဲ စီစဉ်လျက် ရှိတယ်လို့ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို မြန်မာနိုင်ငံမှာ ပြည်ပမှ တိုက်ရိုက် လေကြောင်း လိုင်းတွေ ပြေးဆွဲဖို့ စီစဉ် နေခြင်းဟာ မြန်မာနိုင်ငံမှာ ခရီးသွားများ လာရောက်မှု များပြားလာတာ နဲ့အမျှ ခရီးသွားများ အဆင်ပြေ လွယ်ကူစေဖို့ ပြည်ပ လေကြောင်းလိုင်းတွေ တိုးချဲ့တာဖြစ်ပြီး ယခုနှစ် စက်တင်ဘာ လမှာပဲ ရန်ကုန်နဲ့ ဂျပန်၊ နာရီတာ တိုက်ရိုက် လေကြောင်း လိုင်းလည်း စတင်ပြေးဆွဲ သွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment