ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု





    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(Danu National Democracy Party) အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၃၂/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅ ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင် ၃ ရက်) တွင် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင်- ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်၊ ပြည်သာယာလမ်း (မြို့နယ်ဘောလုံးကွင်း အနောက်ဘက်) ၊ ဒေါ်စန်းမြနေအိမ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (Danu National Democracy Party) အား ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(Danu National Democracy Party) ၏ မှတ်ပုံတင်အမှတ်မှာ (၅၇) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment