ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

ကချင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲဖြစ်ပေါ်နေ


          ကချင်ပြည်နယ်မှာ ဇွန်လ ၂၅ ရက်နေ့မှစပြီး ဧရာဝတီမြစ်ရေကြီးမှုတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ၀ိုင်းမော်မြို့နယ်မှာလည်း မြစ်ရေတိုက်စားမှုကြောင့် ခတ်ချိုရွာ အ၀င် ဆိုင်းဘုတ်အနီး ကတ္တရာလမ်း မှာပျက်စီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာ၍ မရတော့ ကြောင်း သိရှိရပါတယ်။

       မိုးတွေတောကလျှောက်ရွာနေလို့ မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာလည်း ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းကဲ့ အမှတ် (၅၇)အဆန် ရထားဟာ မိုးကောင်းဘူတာနဲ့ နမ္မတီးဘူးတာကြားမှာ ရထားတွဲချော်ခဲ့ကြောင်း သိရှိရပါ တယ်။ သက်ဆိုင်ရာက ချက်ချင်းသွားပြင်လို့ အဲဒီနေ့မှာဘဲ ရထားတွေပုံမှန်ပြန်လည် ပြေးဆွဲလျက်ရှိတယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment