ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို အတည်ပြုခန့်အပ်





    အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့က ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုထားသော မစ္စတာ ဒဲရစ်မစ်ချယ်ကို အမေရိကန် အထက်လွှတ်တော်က ဇွန် ၂၉ ရက်တွင် အတည်ပြု ခန့်အပ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ ဒဲရစ်မစ်ချယ်အား သံအမတ်အဖြစ် အတည်ပြုခန့်အပ်နိုင်ရန် ကြားနာစစ်ဆေးခြင်းကို ဇွန်လ ၂၇ ရက်က ဝါရှင်တန်ဒီစီရှိ အထက်လွှတ်တော်၌ ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၉ ရက်တွင် အတည်ပြုခန့်အပ်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သော ဒဲရစ်မစ်ချယ်က လွန်ခဲ့သော တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ထွန်းခဲ့သော အသိအမှတ်ပြုလောက်စရာ ပြောင်းလဲမှုများကို မည်သူကမျှ ထင်မှတ်မထားခဲ့ကြောင်း ကြားနာစစ်ဆေးရာတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါက အရေးကြီးဆုံး ဦးစားပေးအနေဖြင့် ပွင့်လင်းမြင်သာမှု မရှိသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ ဆက်ဆံရေး ကိစ္စများကို အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် တရားမဝင် ဆက်သွယ်မှုများ လုံးဝချုပ်ငြိမ်းသွားခြင်း မရှိသေးသ၍ အမေရိကန်နှင့် မြန်မာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးသည် ပုံမှန်အနေအထား ရောက်ရှိမည် မဟုတ်ကြောင်း မစ္စတာဒဲရစ်မစ်ချယ်က ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် မစ္စတာဒဲရစ်မစ်ချယ် အတည်ပြု ခန့်အပ်လိုက်ပြီး မြန်မာနိုင်ငံဘက်မှလည်း အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦး ပြန်လည်ခန့်အပ်သွားရန်ရှိကြောင်း ၂၀၁၂ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment