ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့်လဲ KIA မှ ဖုန်အင်ခချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲ


          မနေ့ည ၁နာရီခွဲ လောက်က မြစ်ကြီးနား-ပူတာအိုကားလမ်းပေါ်မှာရှိတဲ့ တိယန်ဇွတ်ရွာနားမှ ဖုန်အင်ခချောင်းကူးတံတားမှာ မိုင်း ၅လုံး ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် တံတားမှာ ချောင်းအတွင်းသို့ ကျိုးကျပျက်ဆီးသွားခဲ့ပြီး ကားရောဆိုင်ကယ်ရော ဖြတ်သန်းသွားလာလို့ မရတော့ပါဘူး။ ညဘက်မှာပေါက်ကွဲတာဖြစ်တဲ့အတွက် လူတွေထိခိုက်မှုတော့မရှိပါဘူး။
KIA ဖျက်ဆီးမှုကြောင့်ပျက်စီးသွားသောတံတားတစ်စင်း
ဖုန်အင်ခချောင်းကူးတံတား ပျက်ဆီးသွားတဲ့အတွက် မြစ်ကြီးနားကနေ ပူတာအိုကို ကုန်စည် စီးဆင်းမှုလည်း ရပ်တန့်သွားပြီး ပူတာအိုမှာ ကုန်ဈေးနှုန်းတွေကြီးလာတော့မှာဖြစ် ပါတယ်။ အခုချိန်မှာ မိုးတွင်း လည်းဖြစ်၊ ရေတွေကလည်းကြီးပြီး တောင်ကျရေတွေများတဲ့ကာလဆိုတော့ တံတားကို တာဝန်ရှိတဲ့ သူတွေ ပြင်ဖို့တောင် ခက်ခဲနိုင်ပါတယ်။ KIA ခေါင်းဆောင်တွေနဲ့ အစိုးရက ငြိမ်းချမ်းရေးတွေ လုပ်နေတယ်ဆို ပေမယ့် အခုလို မိုင်ထောင်ဖောက်ခွဲတာတွေလုပ်နေတာတော့မကောင်းပါဘူး။ အခုလို မြစ်ကြီးနား ပူတာအို လမ်းကြောင်းမှာရှိတဲ့ အဓိက တံတားကို မိုင်းခွဲတာတော့ ဒေသခံတွေဘဲထိခိုက်နစ်နာရပါတယ်။ မြစ်ကြီးနားက လူတွေကလည်း ဟိုနားမှာ ဗုံးကွဲ ဒီနားမှာ ဗုံးကွဲနေတော့ သွားလာရတာစိုးရိမ် ကြောက်စိတ်တွေနဲ့ သတိထားပြီးသွားလာနေရပါတယ် လို့ မြစ်ကြီးနား စီတာပူရပ်ကွက်မှ အမျိုးသားတစ်ဦးမှ KDN သို့ email ဖြင့် ပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment