ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၄၅၀ ထိရောက်ရှိမည့် Orion အာကာသယာဉ်



    လကမ္ဘာ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အင်္ဂါဂြိုဟ်ထံသို့ အာကာသယာဉ်မှူးများကို ပို့ဆောင်ရန် ရည်ရွယ် ထုတ်လုပ်ထားသည့် Orion အာကာသယာဉ်သည် ၂၀၁၄ ခုနှစ်တွင် စမ်းသပ်ပစ်လွှတ်ရန်အတွက် ကနေဒီ အာကာသစခန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း နာဆာက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်ကို လော့ခ်ဟိမာတင် ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး Delta 4 ဒုံးပျံဖြင့် ကိတ်ကာနာဗာယယ်လေတပ် အခြေစိုက်စခန်းမှ ပစ်လွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အာကာသယာဉ်တွင် အာကာသယာဉ်မှူး လေးဦး လိုက်ပါနိုင်ရန် စီစဉ်တည်ဆောက်ထားပြီး ပထမနှစ်ကြိမ်ကို လူလိုက်ပါခြင်းမရှိဘဲ လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာကာသယာဉ်၏ အပူကာဒိုင်း၊ လေထီးစနစ်နှင့် အခြားစနစ်များကို စမ်းသပ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်ပြီး ၄င်းအာကာသယာဉ်ကို ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၄၅၀ ထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း သိရသည်။ ၄င်းအကွာအဝေးသည် ကမ္ဘာမြေပြင်မှ နိုင်ငံတကာ အာကာသစခန်းခရီး အကွာအဝေးထက် ၁၀ ဆကျော် ရှိကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment