ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ကချင်တို့၏ နိုးကြားမှု (သို့မဟုတ်) ပိုမိုကြီးမားကျယ်ပြန့်သော တော်လှန်ရေး

 ပြုပြင် ပြောင်းလဲရေးဟု ခေါ်ဆိုကြသည့် နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ စတင် ကာ ကချင်လွတ်လပ်ရေး တပ်မတော်သည် ဗမာ့တပ်မတော်ကို ပိုမိုရင်ဆိုင် တိုက်ခိုက်နေရလျက် ရှိသည်။ ဗမာစစ်သားများ၏ ညှင်းပန်းနှိပ်စက်ခြင်းမှ ရှောင်တိမ်းရန်အတွက် မိမိတို့၏ ရပ်ရွာနေအိမ်များကို စွန့်ခွာထွက်ပြေးကြသော စစ်ပြေးဒုက္ခသည် အရေအတွက်သည်လည်း (၇၅၀၀၀) ကျော်လွန်လာပြီ ဖြစ်သည်။

ပိုမိုဆိုးရွားလာသော ပဋိပက္ခများ၊ ထွက်ပြေး တိမ်း ရှောင် ရခြင်းများနှင့် လူမှုဆင်းရဲဒုက္ခများကို ခါးစည်းခံနေရသည်မှာ တစ် နှစ်ကျော်ကြာလွန်လာပြီ ဖြစ်သော်လည်း ကချင်လူမျိုးများမှာ ယခင်ကာလများ၌ မရရှိခဲ့ဖူးသည့် စည်းလုံးညီညွတ်မှု နှင့်အ တူ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွားဆောင်ရွက်ကြသော်လည်း အဆုံးအရှုးများလျက်ရှိသည်။ ဆင်းရဲဒုက္ခခံစားနေရသည့် သွေးချင်းများကို ကူညီရန် ပြည်ပကချင်အဖွဲ့အစည်းများမှ ရန်ပုံငွေပွဲများ ပြုလုပ်ကြသော်လည်း အေအိုင်အေ ခေါင်းဆောင်ပိုင်းများမှ ရရှိလာသော ငွေများကို လက်အောက်သို့ကောင်းစွား ဖြန့်ဝေမှုမရှိဘဲ အလွဲသုံးစား လုပ်လျှက်ရှိသည်။

အရေးတယူလုပ်သည့် အဖွဲ့အစည်း၊ သတင်းမီဒီယာများထံ မိမိတို့၏ စိုးရိမ်ပူပန်မှုများကို ဝေမျှဆန္ဒထုတ်ဖော်ကြသည်။ အကာအကွယ်နှင့် ကူညီစောင့်ရှောက်ပေးရန် ထာဝရဘုရားသခင်ထံ ဆုတောင်းလျက် ရှိကြသည်။ ပြည်တွင်း၊ ပြည်ပမှ ကချင် တစ်မျိုးသားလုံးမှလည်း ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် (ကေအိုင်အို/ကေအိုင်အေ)၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကြောင့် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့်ဆင်းရဲဒုက္ခကို ခံကြရပြီး  ထောက်ခံမှုများ၊ အားပေးမှုများ ကျဆင်းလျက်ရှိသည်။ ကချင်လူထု အများစု၏ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံရသော အဖွဲ့အစည်းဖြစ်သည် ကေအိုင်အိုက လည်းကချင်တိုင်းရင်းသားများကို အကာအကွယ်မပေးနိုင် မစောင့်ရှောက်နိုင်ဘဲ ၄င်းတို့၏စီပွားရေးအရသာရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ကချင်လက်နက်ကိုင်တို့သည် မဟူရာအမှောင်ည၏ တစ်ပွင့်တည်းသော ကြယ်တံခွန်ဖြစ်နေသည်။ အခြားသောတိုင်းရင်းသား အင်အားစုများသည် အစိုးရနှင့် အပစ်ရပ်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းများသည်လည်း စွဲမက်နှစ်လိုဖွယ်ဖြစ်သော ဗမာအစိုးရ၏ သတို့သမီးဖြစ်လာနိုင်ရေးအတွက် ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံဖြင့် ချဉ်းကပ်လျက်ရှိကြသည်။ အချို့သော ဗမာ့အရေး အလေးပေးသော ပြည်ပမီဒီယာတို့ပင်လျှင် ဗမာပြည် တွင်းမှ အဓိကပရိသတ်အင်အားကို ရှေးရှုကာ အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ယခင်ကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန် ခြင်းမရှိကြတော့ပေ။

သို့သော်ကချင်လက်နက်ကိုင်တို့၏ မီဒီယာများအပေါ် မှားယွင်းစွာ ၀ါဒဖြန့်ခြင်းများကြောင့် လက်ရှိအစိုးရကိုပင် တစ်ချို့က အပြစ်တင်ဝေဖန်လာကြသည်။ သို့မဟုတ် ကောင်းသတင်းများ ပလူပျံနေချိန်တွင် ကချင်အရေးနှင့် ဆက်နွှယ် နေသည့် သတင်းဆိုးများကြောင့် နိုင်ငံတကာတွင် မြန်မာနိုငငံသည်  နာမည်ဆိုးဖြင့် ကျော်ကြားနေရသည် မီဒီယာများကလည်း ကချင်သတင်းဆိုးများကို တင်ပြရန် တွေဝေနေကြသည်။
 ကချင်လက်နက်ကိုင်တို့၏ လိုလားချက် ပန်းတိုင်ရောက်ရှိရန်အတွက် ကြိုးပမ်းနေသည့် နည်းလမ်းမှာ မြန်မာ့ နိုင် ငံရေး ရေစီးကြောင်းအခြေအနေနှင့် ဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်နေသည်။ ကေအိုင်အိုနှင့် ကေအိုင်အေခေါင်းဆောင်များ၏ မှားယွင်းသော နိုင်ငံရေးယူဆချက်နှင့် ကချင်ပြည်သူများအပေါ် မှားယွင်းစွာ ၀ါဒဖြန့်စည်းရုံးမှုများကြောင့် ကချင်တိုင်းရင်းသားတို့သည် ၄င်းတို့ လိုလားသော လွတ်လပ်မှု၊ မျှတမှုတို့ကို အပစ်ရပ်စဲခြင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ နိုင်ငံရေးပြ ဿနာကို ညှိနိုင်းအဖြေရှာခြင်း စသည့် အဆင့်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ရနိုင်လိမ့်မည်မဟုတ် ဟုပင် အစိုးရအပေါ် အထင်မှားနေကြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး လုပ် ဆောင်ချက်များကို နိုင်ငံတကာအ ဖွဲ့အစည်းများက ၀ိုင်းဝန်းထောက်ပံ့ခြင်း ကဲ့သို့သော ကူညီဖေးမမှုများကိုလည်း ရရှိနိုင်မည်ဟု အေအိုင်အေခေါ်င်းဆောင်များက မျှောလင့်နေကြသည်။ ထို့ကြောင့် ကချင် တို့သည် မိမိကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့၏ ရပိုင်ခွင့်များအတွက် ဟု အကြောင်းပြကာ အခြားသူများနှင့် မတူသော၊ ထောက်ခံအားပေးမှု နည်းနေသော်လည်း လက်နက်ကိုင်ဆန့်ကျင်သည့် နည်းလမ်းဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဆက်လက် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။

စိတ်ကောင်း စေတနာမွန်ဖြင့် ပြည့်စုံသော လူကြီးမင်းများ၏ အပယ်ခံဖြစ်နေရသော်လည်း၊ ကချင်လက်နက်ကိုင် ခေါင်းဆောင်များ၏ လွတ်မြောက်ရေးလှုပ်ရှားမှုအကြောင်းအရာများကို ကချင်တို့လက်နက်ကို င်ခေါင်းဆောင်တို့ မည်သို့မျှ နားမလည်၊ သဘောမပေါက်နိုင်ခဲ့ကြပေ။
ကချင်လွတ်လပ်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်မှ လူထုတွေ့ဆုံပွဲတစ်ခုကို ၂၀၁၂၊ ဇန်န၀ါရီလ (၂၇) ရက်နေ့၌ လိုင်ဇာ မြို့တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ်ဂမ်ရှောင် မိန့်ခွန်းပြောကြားရတွင် ကေအိုင်အို၏ ဗမာ့တပ်မတော်နှင့် ပြည်သူလူ ထုအ ပေါ်ထားရှိသော သဘောထားများ၊ ရည်မှန်းချက်၊ နည်းဗျူဟာများနှင့် အမြင်များကို ပွင့်လင်းမြင်သာမှုရှိသယောင်ဖြင့် လက်အောက်ငယ်သားများကို ၀ါဒဖြန့်စည်းရုံးကာ ရှင်းလင်းပြောကြားခဲ့သည်။ ကချင်တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော်လည်း တော်လှန်ရေးသည် ကချင်လူထု၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဦးတည်တယ်လို့ အကြောင်းပြကာ ကချင်လူထုကို မှားယွင်းစွာ အစည်းအဝေးများမှတဆင့် စည်းရုံးခဲ့သည်။

အနောက်နိုင်ငံများနှင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများသည် မိမိတို့အတွက် ကြီးမားသော အားထားရာအဖြစ် ယုံကြည်ကာ အစိုးရကို ဆန့်ကျင်ဆက်လက် တိုက်ခိုက်နေသည်ကို ကချင်ပြည်သူတို့ မည်းသို့မှ နားမလည်နိုင်ဖြစ်နေသည်။ မိမိတို့၏ မှားယွင်းသော လုပ်ဆောင်မှုများကြောင့် မည်သည့် တိုင်းနိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကိုမျှ ထောက်ခံမှုမရှိသောကြောင့် ခါးသီးဖွယ်ဖြစ် သော်လည်း ကေအိုင်အေခေါင်းဆောင်များသည် လက်အောက်ငယ်သားများနှင့် ကချင်ပြည်သူလူထုကို အလေးမထားဘဲ ဆက်လက်ခေါင်းမာနေခဲ့သည်။ ကချင်လွတ်မြောက်ရေးကို အကြောင်းပြကာ ပြည်သူလူထုကို လူမျိုးရေးအရ စည်းရုံးပြီး အမျိုးသားရေးစိတ် ဓါတ်ဖြင့် လှုံ့ဆော်ကာ တိုက်ပွဲများဆက်လက်ဖြစ်ပွားအောင့် လုပ်ဆောင်နေတော့သည်။

“မိမိအိမ်နောက်ဖေးမှ ချုံနွယ်များကို မိမိကိုယ်တိုင် ရှင်းလင်းရမည်” ဟူသည့် ကချင်စကားပုံကို လွဲမှားစွားအသုံးချနေခြင်း  ဖြစ်သည်။ ကချင်မျိုးနွယ်စုဝင် မဟုတ်သော ရှမ်း၊ ပလောင် နှင့် ဂေါရခါးလူမျိုးများ သာမက ဗမာကျောင်း သားများပင်လျှင် ကချင်ပြည်နယ်အတွင်း နေထိုင်နေသောကြောင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း ပြုလုပ်ကာ ပြည်သူ့စစ်အဖွဲ့(Mung Shawa Hpyen Hpung – MHH) ထံသို့ မရောက်ရောက်အောင်ပို့ဆောင်ကာ တိုက်ပွဲတွင်ပါဝင်စေခဲ့သည်။

ယခုအချိန်တွင် အထီးကျန်အနေအထားတွင် ရောက်ရှိနေသော ကချင်လက်နက်ကိုင်တို့သည် ကာကွယ်စောင့်ရှောက်မှု၊ အထောက်အပံ့နှင့် တရားသောစစ်ဆင်ရေးအဖြစ် မြင်လာစေရန်  ထာဝရဘုရားသခင်၊ နိုင်ငံတကာနှင့် မီဒီယာများထံမှ တောင်းလျှောက်ကာ တော်လှန်ရေးကို  ခေါင်းမာစွား ဆက်လက် ဆင်နွှဲနေကြခြင်း ဖြစ်သည်။ 
 
ZAW MAN

No comments:

Post a Comment