ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ရဲတပ်ဖွဲ့မှမြရည်နန္ဒာကျူးကျော်နေထိုင်သူများအားဖယ်ရှားခိုင်း


မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိကျူးေ ကျာ်နေထိုင်သူမျ
ားအား ဖယ်ရှားရန် သြဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလာရောက်စေခိုင်းခဲ့ကြောင်း မြရည်နန္ဒာရှိကျူးေ ကျာ်နေထိုင်သူ
များကပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အောင်ပင်လယ်ရဲ စခန်းမှရဲအရာရှိ ၅၀ ခန့် သြဂုတ်လ ၂၁ ရက်နံနက် ၉နာရီ အချိန်တွင် မြရည်နန္ဒာရှိ ကျူးကျော်တဲများသို့ လာရောက်ခဲ့ပြီး အမြန်ဆုံးဖယ်ရှားပေးရန်စေခိုင်း
ခဲ့သလို ကျူးကျော်နေထိုင်သူများထဲမှ ဦးဝင်းမြင့်ထွန်းကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ကျူးကျော်နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ကျူးကျော်နေထိုင်သူများထဲမှ အမျိုးသမီးများအပါအ၀င် လူ ၂၀ခန့် ထိခိုင်အနာတရ ဖြစ်ခဲ့သည်ဟု ကျူးကျော်နေထိုင်သူများထဲမှ အသက် ၄၃ နှစ်အရွယ်ဒေါ်ဝါမြင့် ကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ကျူးခေါင်းဆောင် ဦးဝင်းမြင့်ထွန်းမှာ အဖမ်းမခံရဘဲ လွှတ်မြောက်သွားခဲ့ကြောင်း ကျူးကျော်နေထိုင်သူ ဦးပေါ်ကြီးက ပြောသည်။








From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment