ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖွဲ့စည်းမည်


အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ယင်းကော်ပိုရေးရှင်း၏လက်အောက်တွင် ပုဂ္ဂလိကကုမ္ပဏီလေးခုက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို လွှဲပြောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်တွင် အစိုးရဌာနတစ်ခုအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယင်းဌာနက ဆက်သွယ်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ ပုဂ္ဂလိကကုမ္ပဏီများအား ဥပဒေအရ စီမံခန့်ခွဲရသည့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးကျော်စိုးက ပြောသည်။

အစိုးရဌာနတစ်ခုအနေဖြင့် ဆက်လက်ကျန်ရှိနေမည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးကော်ပိုရေးရှင်း၏ လက်အောက်တွင်ရှိလာမည့် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီကွန်းနှင့် အခြားသော အော်ပရေတာကုမ္ပဏီနှစ်ခုတို့က နိုင်ငံတော်သို့ အခွန်အခများ ပုံမှန်ပေးဆောင်နိုင်ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်တို့ကို ထိန်းချုပ်သွားမည်ဖြစ်သည်။

ယင်းသို့ အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲလိုက်ရာတွင် ဆက်သွယ်ရေးကော်ပိုရေးရှင်းအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများကို မှီခိုအသုံးမပြုသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်ပိုရေးရှင်း၏ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေများ၊ နည်းပညာအထောက်အပံ့များဖြင့် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

From : 7day

No comments:

Post a Comment