ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ရခိုင်ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေးအတွက် အကြံပြုတင်ပြချက်




ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးကို သမိုင်းတွင်ချန်ထားရစ်ကာ ဒီမိုကရေ စီ လမ်းကြောင်းသို့ လျှောက်လာခဲ့ပေပြီ၊ ဒီမိုကရေစီရောင်ပြန်သန်းလာပြီး ဒီမိုကရက်တစ်ပါတီ များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ တရားဝင်ရပ်တည်နိုင် လာကြပြီ ဖြစ်သည်။

ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင်လည်း ရွေးကောက် ခံပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူ့အသံ၊ပြည်သူ့သဘောထားများကို ထပ်ဟပ်ကာ ပြည် သူများဘ၀ကို တိုးတက်မြင့်မားလာရေး ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်နေကြပေပြီ။
ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ မောင်းနှင်အားတစ်ခုဖြစ်သော အစိုးရမဟုတ်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည်လည်း အားနှင့်အင်နှင့် ပေါ်ထွန်းလျက်ရှိပေသည်။ ထို့အတူ အလုပ်သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂတို့ သည်လည်း ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့်ကိုက်ညီစွာ ဥပဒေကြောင်းအရ ပေါ်ထွက်လာရန် အားယူစိုင်းပြင်းလျက် ရှိကြပေ သည်။
ဤသမိုင်းအခြေအနေတွင် ရခိုင်လူ့အဖွဲ့အစည်း၏ အနာဂါတ်ကောင်းကျိုးကို ရည်မျှော်လျက် ရခိုင်ကျောင်းသား လူငယ်များကို ရိုးသားစွာ အကြံပေး တင်ပြလိုပါသည်။ “လေးဝတီ ရခိုင်ကျောင်းသားလူငယ်များ” ကို ကိုယ်စားပြုသော ရခိုင်ကျောင်းသား သမဂ္ဂတစ်ခု ပေါ်ထွန်းလာရေးသည် သမိုင်းက တောင်းဆိုချက်တစ်ခု ဖြစ်ပေသည်။
ထိုသမဂ္ဂသည် -
(၁)  လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်
(၂)  ကျောင်းသားတို့၏ အခြေခံ အခွင့်အရေးများ ပြည့်ဝစွာရရှိရေး၊ ပညာသင်ထောက်ပံ့ကြေး(စတိုင်ပင်)ရရှိရေး၊ သုတေသန
လုပ်ငန်းများအတွက် ခရီးသွားလာခွင့် ရရှိရေး၊ ရပ်ဝေးကျောင်းသားများ အဆောင်နေခွင့် ရရှိရေး စသည်ဖြင့်
(၃) ရခိုင်စာပေ ယဉ်ကျေးမှု အသိအလိမ္မာနှင့် နိုင်ငံတကာ အသိအမြင်များ တိုးမြှင့်ရေး
(၄) သုတေသနလုပ်ငန်းများဖွံ့ဖြိုးပြီး အနာဂါတ်ရခိုင်လူ့အဖွဲ့အစည်းအတွက် စွမ်းရည်မြှင့်မားသောလူငယ်မျိုးဆက် ပေါ်ထွန်းရေး
(၅) ကျန်းမာကြံ့ခိုင်သော ရခိုင်လူငယ် မျိုးဆက် ပေါ်ထွန်းရေး
(၆) ဘွဲ့ရ ပညာတတ် အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစိုးရ (ဗဟို၊ပြည်နယ်) ဒီမိုကရေစီ  အင်အားစု    များနှင့်ပူးတွဲ ဆောင်ရွက်ရေး
(၇) ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်ကာ ရခိုင်လူထုအတွက် စွမ်းရည်မြှင့်တင်ရေး
(Capacity Building) တွင် ဦးဆောင် ပါဝင်ရေးစသော အခြေခံ အချက်များစွာ ရှိရန်လိုအပ်ပါသည်။
ရခိုင်ကျောင်းသားလူထု၏ ရင်ဆိုင်နေရသော ရေတို၊ ရေရှည်ပြဿနာများကို တာဝန်ယူ ဦးဆောင်သွားရမည် ဖြစ်ပါသည်။ စိုးရိမ်တွန့်ဆုတ် ကြေက်ရွံ့ နေစရာ မလိုပါချေ။ ရိုးသားမှု၊ သင်ယူလေ့လာမှုနှင့် လုပ်ငန်း(တိုက်ပွဲ) အတွေ့အကြုံများက ရင့်ကျက် ခိုင်မာသော အနာဂါတ် ရခိုင်သားကောင်း တစ်ဦးဖြစ်လာအောင် လေ့ကျင့်ပေးသွား ပေလိမ့်မည်။
ရခိုင်တို့၏ သမိုင်းအရ ထူးခြားသည့် အနေထားများ (ဥပမာ-၂၀၁၀ ဂီရိ၊၂၀၁၂ ဇွန် အရေးအခင်း) ကဲ့သို့ မိမိလူ့အဖွဲ့အစည်း လုံခြုံရေး၊ ငြိမ်းချမ်းရေးကို တာဝန်သိသိ ထမ်းရွက်သွားရပေမည်။ ထို့ကြောင့် သမိုင်း၏ လိုအပ်ချက်ဖြစ်သော ရခိုင်ကျောင်းသား သမဂ္ဂ ပေါ်ထွန်းရေးကို ကျောင်းသားလူငယ်များ၊ သမိုင်းအတွေ့အကြုံရှိသူများ၊ ရခိုင်လူငယ် အနာဂါတ်သစ်ကို ဖော်ဆောင်လို သူများ အနေဖြင့် အလေးအနက် စဉ်းစားကြပါရန် ရိုးသားစွာ အကြံပေးတိုက်တွန်းလိုက်ပါသည်။
နောက်ဆုံးအကြံပေးချင်သည်မှာ ရခိုင်ကျောင်းသားသမဂ္ဂ၏ သမိုင်းတာဝန်များတွင် ရခိုင်အမျိုးသား တက္ကသိုလ် Arakan National University (ANU) ပေါ်ထွန်းရေးပင် ဖြစ်ပါကြောင်း အကြံပြုပါသည်။

from-Arakan Review

No comments:

Post a Comment