ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

တက္ကသိုလ်ဆရာ၊မ များဖွဲ့စည်းခြင်းနှင့်ပတ်သက်၍


သို့
Myanmar Express!
ကျွှန်မစာလေးကိုတင်ပေးပါ။
ကျေးဇူးတင်ပါတယ်။
တက္ကသိုလ်ဆရာ၊ဆရာမများအသင်းကိုဖွဲ့စည်းခြင်း

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ မှာ တက္ကသိုလ်ဆရာ၊မများအသင်းဖွဲ့ရာတွင် ရန်ကုန်တက္ကသိုလ်အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှုးအဖြစ် ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ လက်ထောက် ကထိက၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်ဆိုပြီးတွေ့ရပါတယ်။

အဲ့ဒီဒေါက်တာစိုင်းခိုင်မျိုးထွန်းဆိုတဲ့ ဆရာနဲ့ပတ်သက်ပြီး သတိထားကြဖို့နဲ့ အဲ့ဒီဆရာကို ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများအလုပ်အမှုဆောင်အဖွဲ့က ချက်ချင်းဖယ်ထုတ်ပေးဖို့ ပြောချင်ပါတယ်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆိုတဲ့ ဆရာက ဆရာသိက္ခာမရှိသလို သူရောက်ခဲ့တဲ့နေရာအရပ်တိုင်းမှာ တပည့်မိန်းကလေးတွေ အနီးဝန်းကျင်ကအမျိုးသမီးတွေ အခြားနီးစပ်ရာမိန်းကလေးတွေကို လစ်ရင်လစ်သလို နှုတ်ဖြင့်တမျိုး အိမ်တိုင်ရာရောက်ကိုယ်ထိလက်ရောက်တဖုံ တာဝန်ယူချင်စိတ်လုံးဝမရှိဘဲ စော်ကားလေ့ရှိပါတယ်။ တချို့ကလည်း အဲ့ဒီဆရာ စော်ကားခဲ့တာကို ရှက်လို့ကြိတ်မှိတ်နေခဲ့ ခံခဲ့ရပေမဲ့ ပြောဖို့လိုအပ်လာရင်တော့ အချိန်မရွေးထုတ်ဖော်ပြောကြမှာပါ။
အိမ်ထောင်ရှိ၊ သမီးတစ်ဦးရှိလျှက်နဲ့ တချို့အမျိုးသမီးတွေကို အိမ်ထောင်ကွဲနေသလိုလို တချို့ကိုတော့ လူပျိုလိုလို တချို့ကိုတော့ လက်ရှိအိမ်ထောင်က မယူချင်ဘဲယူထားရတဲ့ စရိုက်ကြမ်းကြမ်းအသက်ကြီးကြီးမိန်းမဖြစ်ကြောင်း မကြာခင်ကွာရှင်းပစ်မှာဖြစ်ကြောင်း ၎င်းဘဝက အလွန်စိတ်ပျက်စရာ သနားစရာဖြစ်ခဲ့ရကြောင်း စသဖြင့် လိုက်လံပြောနေပြီး အကြောင်းမသိသေးတဲ့ အမျိုးသမီးတွေကို ဖျက်ဆီးခဲ့တဲ့ သူတစ်ယောက်ပါ။
ဒါကြောင့်အဲ့ဒီဆရာကို အန္တရာယ်ကောင် သတိထားကြ ဆိုပြီးတော့ မိန်းကလေးအချင်းချင်းကွယ်ရာမှာ သတိပေးနေကြတာကို သူကိုယ်တိုင်လည်းပြန်ကြားပြီးသားပါ။ မိန်းကလေးတွေအတွက် လုံးဝစိတ်မချရတဲ့ အကျင့်စာရိတ္တအင်မတန်အားနည်းတဲ့ဆရာတယောက်ပါ။ သူကိုယ်သူလည်းသိပြီးသားပါ။

ဒါကြောင့်အဲ့ဒီဆရာကို ဒီလိုနေရာမှာ မထားဖို့ အဲ့ဒီဆရာအကြောင်းမသိသေးတဲ့ အမျိုးသမီးတွေလည်း သတိထားဆက်ဆံနိုင်ကြဖို့အတွက်ပါ။ မည်သူ့ကိုမျှမစော်ကားလိုစိတ်မရှိဘဲ အမှန်ကို အမှန်အတိုင်းသာ ပြောခြင်းဖြစ်ပြီး ၎င်းဆရာမှာ မိန်းမများနှင့်ပတ်သက်လျှင် စာရေးပြလျှင်တောင် မလုံလောက်အောင်ရှုပ်ထွေးသူဖြစ်ကြောင်း နစ်နာခဲ့သူ မိန်းကလေးများအားငဲ့ညှာသောအားဖြင့် အကျဉ်းချုံးသာဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အမျိုးသမီးများအတွက် စိတ်ချလုံခြုံမှုလုံးဝမရှိသည့် ဆရာမျိုးအားမည်သို့မျှ ယုံကြည်ကိုးစားပြီး အလုပ်များရှေ့ဆက်မလုပ်နိုင်ပါ။ ကျောင်းသူများအနာဂါတ် အတွက်လည်း အလွန်ပင်ရင်လေးစရာကောင်းပါသည်။
ဆရာမတစ်ဦး

No comments:

Post a Comment