အိန္ဒိယနှင့်
ရုရှားနိုင်ငံ တို့သည် ပဉ္စမမျိုးဆက် ခေတ်မီ တိုက်လေ ယာဉ်တစ်စင်းကို
ပူးတွဲထုတ်လုပ် မည်ဖြစ်ပြီး ၄င်းလေယာဉ် အား ၂ဝ၁၄ ခုနှစ်တွင်
အိန္ဒိယနိုင်ငံ၌ ထုတ်ဖော် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
တိုက်လေယာဉ်တွင် ကိုယ်ပျောက် နည်းပညာ များပါဝင် ပြီး အိန္ဒိယလေတပ်တွင် ၂ဝ၂၂
ခုနှစ် တွင်စတင် အသုံးပြု သွားမည်ဖြစ်သည်။ ထို့နောက် ၄င်း တိုက်လေယာဉ် ၏
ဒုတိယ မြောက် အမျိုးအစားတူလေ ယာဉ်သည် ၂ဝ၁၇ ခုနှစ်တွင် အိန္ဒိယ နိုင်ငံသို့
ရောက်ရှိ မည်ဖြစ်ပြီး တတိယ မြောက်လေယာဉ်ကို ၂ဝ၁၉ ခုနှစ်တွင် ၄င်းနိုင်ငံက
လက်ခံရရှိ မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ
နိုင်ငံသည် ၄င်းလေယာဉ် ၂၁၄ စင်းကို ၂ဝ၃ဝ ပြည့်နှစ်ကုန်တွင် လက်ခံရရှိရန်
စီစဉ်ထားပြီး ၄င်းလေ ယာဉ်များ အတွက် ခန့်မှန်း ကုန်ကျစရိတ် မှာ အမေရိကန်
ဒေါ်လာ ၃ဝ ဘီလီယံ ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် ၄င်းလေယာဉ်ကို စမ်း သပ်ထုတ်လုပ်ပြီး စစ်ဆေးပျံသန်းလျက် ရှိကြောင်း သိရသည်။ ၄င်းလေယာဉ် သည် Su-30 MKI လေယာဉ်ထက်
အနည်းငယ် သေးငယ်ပြီး လေယာဉ် ဒီဇိုင်း နှင့်ပတ်သက်၍ ယခုနှစ် ကုန်တွင် နှစ်
နိုင်ငံစလုံးမှ အတည်ပြု သွားနိုင်ဖွယ်ရှိ ကြောင်း သိရသည်။
ထို့ပြင်
အိန္ဒိယနိုင်ငံသည် အလတ် စားဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၁၂၆ စင်းနှင့်
အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ၁၄ဝ စင်းကို စစ်တပ်တွင် အင်အား ဖြည့်တင်းရန်
အတွက် ဝယ်ယူ လျက်ရှိကြောင်း သိရသည်။
mwdmedia

No comments:
Post a Comment