ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

မိုဘိုင်းဖုန်းမှတစ်ဆင့် Y pay နှင့် Y store အသုံးပြုနိုင်ရန် ဆောင်ရွက်မည်


မိုဘိုင်းဖုန်း အသုံးပြုကာ Y pay နှင့် Y store အွန်လိုင်းငွေပေးချေမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Y pay online payment gateway မှ တာဝန်ရှိသူက ပြောသည်။ Y pay ဆိုသည်မှာ အင်တာနက် ဝက်ဘ်ဆိုက်များပေါ်မှ အလွယ်တကူနှင့် လုံခြုံမှုရှိစွာ ငွေပေးချေနိုင်သော ငွေလက်ခံနိုင်သော online payment gateway ဖြစ်ပြီး အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော store များမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Y pay နှင့် Y store ကို အသုံးပြုရာတွင် ကွန်ပျူတာများ၊ လက်ပ်တော့များနှင့်သာမက မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်စေရန် မိုဘိုင်းဗားရှင်းအဖြစ် လွှင့်တင်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိ Y pay စနစ် အသုံးပြုနိုင်ရန်အတွက် ပါဝင်ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ မိုဘိုင်းဗားရှင်းအဖြစ် အသုံးပြုရာတွင် အခြားပုံစံများဖြင့် အသုံးပြုသကဲ့သို့ မှတ်ပုံတင်အကောင့် ပြုလုပ်ကာ အသုံးပြုရမည်ဖြစ်သည်။ Y pay account တွင် မိမိချိတ်ဆက်ထားသော Bank Account Verification ပြီးစီးပါက online shopping စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Y pay Account နှင့် Bank Account Verification Process ပြီးစီးပါက Y pay account ကို အသုံးပြုပြီး Y pay နှင့် ချိတ်ဆက်ထားသော Merchants Website များတွင် online ဈေးဝယ်ထွက်ခြင်း၊ online ပေါ်မှ ငွေပေးချေခြင်းများ၊ ငွေလက်ခံခြင်းများကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်ကို ရတနာပုံဝက်ဘ်ပေါ်တယ် လိပ်စာဖြစ်သော www.yatanarpon.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အကောင်အထည်ပေါ်ပါက မိုဘိုင်းဖုန်းမှတစ်ဆင့် ဈေးဆိုင်များနှင့် ဆက်စပ်သောလုပ်ငန်း၊ ပစ္စည်း၊ ဝန်ဆောင်မှုကြော်ငြာများကို ရယူကောက်ခံနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

No comments:

Post a Comment