အိန္ဒိယ နိုင်ငံသည် ၎င်းတို့၏ တင့်ဖျက်ဒုံးကျည် Nag ကို ကြည်းတပ်မတော် အတွက် စမ်းသပ် ပစ်ခတ်စဉ် အောင်မြင်မှု မရရှိခဲ့ကြောင်း ဒေသမီဒီယာ များက သြဂုတ် ၂ဝ ရက်တွင် ဖော်ပြခဲ့သည်။
၎င်းဒုံးကျည်သည်
နိုင်ငံပိုင် ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့မှ
ကြည်းတပ်အတွက် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ရာဂျက်စ်သန် ကန္တာရတွင် လေးကြိမ်
ပစ်ခတ် စမ်းသပ် ခဲ့ရာ ပစ်မှတ်ကို သုံးကြိမ် တိုင်တိုင် လွဲချော်ကြောင်း
သိရသည်။
အဆိုပါ တင့်ဖျက် ဒုံးကျည်သည် ၁၉၈ဝ ပြည့်နှစ်များတွင် စတင်ခဲ့သည့် ပူးပေါင်း ပဲ့ထိန်းဒုံး ကျည် ဖွံ့ဖြိုး
တိုး တက်မှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး အနာဂတ်တွင်
ပိုမိုကောင်းမွန် တိကျစွာ ပစ်ခတ်နိုင်ရေး အတွက် လုပ်ဆောင်ရန် အဆိုပါ သုတေသန
အဖွဲ့အစည်းအား အိန္ဒိယ ကြည်းတပ် က တောင်းဆို ခဲ့သည်။
from-mwdmedia

No comments:
Post a Comment