ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ရခိုင်၌ ညမထွက်ရ အမိန့်မနာခံသူ ၆၀ ကျော် ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မလိုက်နာသည့် ဒေ သခံ ရခိုင်တိုင်းရင်းသား ၆၀ ကျော်အား စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင် ဒဏ် အပြစ်ပေးခံရသူများသည် သာမန်အရပ်သားများသာ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်စဉ် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ညမထွက်ရ အမိန့်ကို ဇွန်လ အတွင်းက စတင် ထုတ်ပြန်ထားပြီး ည ၇ နာရီ မှ နံက် ၅ နာရီ သတ်မှတ်ထားကြောင်း၊ ၎င်းတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်နယ် အာဏာပိုင်အဖွဲ့ က ပြောသည်။

No comments:

Post a Comment