ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

စင်စင်နတီ ဖလား လီနာ ဆွတ်ခူးရရှိ


တရုတ် တင်းနစ်မယ် လီနာသည် သြဂုတ် ၁၉ ရက်က   ကျင်းပသော ATP-WTA စင်စင်နတီ မာစတာပြိုင်ပွဲ တွင် ဂျာမနီမှ အိန်ဂျယ် လိဂ်ကာဘာအား (၁-၆)၊ (၆-၃)၊ (၆-၁)ဖြင့် အနိုင်ရရှိ ပြီး ၁၅ လကြာ ဖလား လက်မဲ့ဖြစ်နေ ခြင်းကို အဆုံးသတ် နိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၁ခုနှစ် ပြင်သစ်အိုးပင်း ချန်ပီယံ လီနာသည် အဆိုပါပွဲစဉ် အစပိုင်းတွင် ပြိုင်ဘက်ဖြစ်သူအား လက်ရည် အသာဖြင့် ကစားနိုင်ခဲ့ခြင်း မရှိသော်လည်း ဒုတိယမြောက်နှင့် တတိယမြောက် ပွဲစဉ်များတွင် အမှတ်အပြတ် အသတ်ဖြင့်  အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

မိမိသည် ဗိုလ်လုပွဲသို့ သုံးကြိမ်တိုင်တိုင် ရောက်ရှိခဲ့ သော်လည်း တစ်ပွဲမှ အနိုင်ရရှိ ခဲ့ခြင်းမရှိသော ကြောင့် ယခု ပွဲ၌ ချန်ပီယံ ဖလားကို ရရှိလိုသည်မှာ အမှန်ပင်ဖြစ်ကြောင်း  လီနာကပြောကြား ထားသည်။  
from-mwdmedia

No comments:

Post a Comment