ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

ယခုနှစ် ပရီးမီးယား လိဂ်ရာသီကို အန္တရာယ်အများဆုံး ကစားသမား နှစ်ဦးဖြင့် စတင်ဖွင့်လှစ် လိုက်သည့် နယူးကာဆယ်


နယူး ကာဆယ် အသင်းသည် စပါး အသင်းကို ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သော သြဂုတ် ၁၈ ရက်က ကစားခဲ့သည့် ပွဲစဉ်အတွင်း နည်းပြအလန်ပါ ဒရူးသည် စီးကြပ်ဒိုင် တစ်ဦးကို စိတ်ဆိုးစွာဖြင့် တွန်းပစ် လိုက်ခြင်းနှင့် ပတ်သက်၍ အလွန်ပင် ရှက်ရွံ့မိသည်ဟု အဆိုပါ နည်းပြက ဝန်ခံပြော ကြားထား ကြောင်း သိရသည်။
ပရီးမီးယား လိဂ်ရာသီ အစပွဲစဉ်များ၏ ပထမဆုံး နေ့ရက်ကို ထိုသို့ အဆုံးသတ် လိုက်ခြင်းသည် တစ်ဖက် လူကိုလည်း ဝမ်းနည်း စေလိမ့်မည် ဖြစ်ကြောင်း ပါဒရူးက ပြောကြား ထားသည်။

ပါဒရူးသည် ရာသီသစ်၏ အဖွင့်နေ့ရက်တွင် ၎င်းကစားသမားများကို စိတ်အေးအေးထား၍  ကစားရန် တိုက်တွန်း ပြောကြား ထားခဲ့သော်လည်း ၎င်း၏ ရည်ရွယ်ချက် ကောင်းများ အားလုံးသည် အလ ဟဿ ဖြစ်ခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်၌ နယူး ကာဆယ် အသင်းသည် တစ်ဖက် အသင်းကို အန္တရာယ် အများဆုံး ပေးနိုင်သည့် ကွင်းလယ် ကစားသမားနှင့် တိုက်စစ် မှူးတို့ကို ကိုယ်ရည်သွေးပေး ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
 
from-mwdmedia

No comments:

Post a Comment