ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 21, 2012

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်


အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို သြဂုတ် ၂ဝ ရက်တွင်စတင်ခဲ့ ကြောင်းသိရသည်။ အဆိုပါပူးတွဲစစ် ရေးလေ့ကျင့်မှု သည် မြောက်ကိုရီးယား ရန်ကို ကာကွယ်ရန် ဖြစ်ပြီး ၎င်းစစ်ရေး လေ့ကျင့်မှုကို စစ်ပွဲအတွက် ဇာတ်တိုက် မှုဖြစ်ကြောင်း မြောက် ကိုရီးယား အစိုးရက ပြောကြား ခဲ့သည်။
၎င်းစစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်စခန်းများမှ စစ်သည် ၃ဝဝဝဝနှင့် ပင်လယ်ရပ် ခြားမှ စစ်သည် ၃ဝဝဝ ပါဝင်ကြောင်းနှင့် အဆိုပါ စစ်ရေးလေ့ကျင့် မှုကို Ulchi Freedom Guardian ဟုအမည် ပေးထားပြီး သြဂုတ် ၃၁ ရက်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သည် အရေအတွက် မည်မျှ ပါဝင်သည်ကို ကာကွယ်ရေး ဝန်ကြီး ဌာနမှ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယွန်ဟပ်သတင်း အေဂျင်စီက တောင် ကိုရီးယားနှင့် အမေရိကန် စစ်သည် ၅၆ဝဝဝ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းလေ့ကျင့် မှုသည် ထိပ် တိုက်တွေ့ ဆုံမှု များကို ထပ်မံဖြစ်ပေါ်စေ နိုင်သည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း မြောက်ကို ရီးယား က ပြောကြား ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း တော်ပီဒိုနှင့် အပစ်ခံရပြီး စစ်သည် ၄၆ ဦးသေဆုံး မှုသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြီးနောက် နှစ်နိုင်ငံ နယ်စပ် အရေးပိုမို တင်းမာလာ ခဲ့သည်။
 
from-mwdmedia

No comments:

Post a Comment