ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

မြန်မာ့ဒီမိုကရေစီ ဖခင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ အကျဉ်းသား ၈၀ အား လွတ်ငြိမ်းချမ်းသာခွင့်ပေး



မြန်မာ့ဒီမိုကရေစီ ဖခင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈၀) ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၂၀၄ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးတို့ကို ယနေ့မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည်။ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment