ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ရန်ကုန် လေဆိပ် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များ တိုးချဲ့ပြင်ဆင်မှု ပုဂ္ဂလိကပေးမည်



From : YPN

ရန်ကုန်လေဆိပ် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုး ချဲ့ပြင်ဆင်မှုများကို ပုဂ္ဂလိကသို့ လုပ် ကိုင်ခွင့်ပြုသွား မည်ဖြစ်ပြီး ကျန်ပြည် တွင်းလေဆိပ် ၃၃ခုကိုပါ အဆင့်ဆင့် လုပ်ကိုင်ခွင့်ပြုသွား တော့ မည်ဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးတင့်နိုင် ထွန်း က ပြော သည်။

လက်ရှိတွင် ဟံသာဝတီလေဆိပ် စီမံကိန်းကို ပုဂ္ဂလိက သို့ပေးရန်ရှိကာ လာမည့် ၂၀၁၃ ဇွန်မှစ၍ လုပ်ငန်း စမည်ဖြစ်ပြီးကျန် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ပြည်တွင်းလေဆိပ် များကို ယခုနှစ် စက်တင်ဘာလ ခန့်မှ စ၍ အဆင့်ဆင့်လုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၆၉ ခုရှိရာ ယင်းတို့အနက်မှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေ ဆိပ်သုံးခု မှာ အပြည်ပြည်ဆိုင် ရာ လေဆိပ်များ ဖြစ်ပြီး ကျန်လေဆိပ်များမှာ ပြည်တွင်း လေကြောင်း လိုင်း များသာရပ်နားေ သာ ပြည်တွင်းလေဆိပ်များဖြစ်ကာ ဈေး ကွက်လိုအပ်ချက်များ အရ ခရီးသည် များတိုးမြှင့်ဝင်ရောက်လာနိုင်သဖြင့် ယင်းသို့ ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုကတော့ Market Demand က အရမ်းမြင့်လာတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ ခရီးသည် လက်ခံနိုင်စွမ်း လျော့လာ နေပြီ။ ဒီတော့ Customer တွေရဲ့ လိုအပ်ချက်အရ လေဆိပ်တွေကို တိုးချဲ့ ပြင်ဆင်မှုတွေ လိုအပ်လာတယ်။ ဒီလိုပုဂ္ဂလိက ကိုပေးလိုက်တော့ နိုင်ငံ တော်ပိုင်းအနေနဲ့လဲ ဘတ်ဂျက် သုံးစွဲမှုအပိုင်းမှာ နိုင်ငံတော်ရဲ့ အခြားသော အရေးကြီးတဲ့ အခန်းကဏ္ဍတွေ မှာ ပိုမိုသုံး စွဲနိုင်မှာ ပါ''ဟု ဦးတင့်နိုင် ထွန်းက ပြောကြားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဘီအိုတီစနစ်ဖြင့် ၂၀၀၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ ရန်ကုန်လေဆိပ်နှင့် မန္တလေးလေဆိပ် မှာ ယခုနှစ် စက်တင်ဘာတွင် ပုဂ္ဂလိက သို့ လုပ်ကိုင် ခွင့်ပြု သွား မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကဲ့သို့ပင် ခရီးသည်ဝင် ထွက်မှုများသောလေ ဆိပ်များမှာ ဟဲဟိုး၊ ညောင်ဦး၊ တာချီလိတ် လေဆိပ်များဖြစ်ပြီးသံတွဲလေဆိပ်၊ မြန်မာနိုင်ငံမြောက်ဘက် မြစ်ကြီးနား ပူတာအိုလေဆိပ်နှင့် မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ် မြိတ်လေဆိပ် များမှာလည်း ခရီးသည်များ သွားလာမှု မြင့်မားသဖြင့် ယင်းလေဆိပ်များကိုပါ အဆင့်ဆင့်ပေး သွားမည်ဖြစ်ကြောင်း သိရ သည်။

''အခုကတော့ First Pirority အဖြစ် ဟံသာဝတီ၊ ပြီးရင် ရန်ကုန်၊ မန္တလေး အဆင့်ဆင့်ပေးမယ်။ ပြည် တွင်းလေဆိပ်တွေ ကိုပေးတဲ့အခါမှာ တစ်စိတ်တစ်ပိုင်းေ သ်ာလည်းကောင်း၊ အားလုံး သော်လည်းကောင်း ပေးသွား ဖို့စီစဉ်ထား ပါတယ်''ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်း ဆွေထွန်းက ပြောသည်။

လေဆိပ်များအား ပုဂ္ဂလိကသို့ ပေးရာတွင် အဆောက်အအုံပိုင်း၊ ပြုပြင်ထိန်းသိမ်းရေးအပိုင်း၊ ဖွံ့ဖြိုးမှု အပိုင်းများ အပါအဝင် လျှပ်စစ်၊ ပြေး လမ်းများနှင့်လေကြောင်းသုံးပစ္စည်း များ၊ ရေဒါများအပါအဝင် ဆက်စပ် လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အကျယ်အဝန်းမှာ ဧကပေါင်း ၁၁၂၀ဝရှိပြီး ခရီးသည် လက်ခံနိုင် မှုမှာ ၂ဒသမရသန်းရှိပြီး ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက် နေသဖြင့် ယခုအခါတွင် ၂ဒသမ၄ သန်း ကျော်ရှိနေပြီး နှစ်ကုန်ပိုင်းတွင် သုံးသန်းခန့်အထိ ဝင်ရောက်နိုင်ကာ ၂၀၁၅တွင် ၅ဒသမ၄ သန်းအထိ တိုး တက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

No comments:

Post a Comment