ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ(ရီယို+၂၀) ဒုတိယနေ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မိန့်



From : ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဇွန် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ဘရာဇီးပြည်ထောင်စု သမ္မတနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ Riocentro အဆောက်အအုံ Plenary Hall ၌ ကျင်းပသည့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (ရီယို+၂၀) ဒုတိယနေ့ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်သည်။ အစည်းအဝေးတွင် တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိန့်ခွန်းများ ပြောကြားကြသည်။ ထို့နောက် ညနေ ၃ နာရီတွင် စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်ဆိုင်ရာ မိန့်ခွန်းကို ပြောကြားသည်။ မိန့်ခွန်းပြောကြားအပြီးတွင် ဒုတိယသမ္မတအား အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် နိုင်ငံ့ခေါင်းဆောင်အချို့က ဂုဏ်ပြုနှုတ်ဆက်ကြသည်။ ထို့ပြင် ဒုတိယသမ္မတသည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ကျင်းပသည့် ညီလာခံ တတိယနေ့ ပဉ္စမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် နိုင်ငံပေါင်း (၇၂) နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက နိုင်ငံအလိုက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိန့်ခွန်းများ ပြောကြားကြသည်။ ညနေပိုင်းတွင် အဆင့်မြင့်စားပွဲဝိုင်း၊ ဆွေးနွေးပွဲ အစီရင်ခံစာကို သက်ဆိုင်ရာ အဖွဲ့အလိုက် အစီရင်ခံစာတင်ပြခြင်း၊ သက်သေပြုကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့် ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ညီလာခံအကြို တတိယအကြိမ် အစည်းအဝေးက တင်ပြသည့် သဘောတူညီချက်များကို ကိုယ်စားလှယ်များက အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် ညီလာခံကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment