ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

“သောက်ကျိုးနည်း Burma က မှန်သလား Myanmar က မှန်သလားတဲ့ ဗျာတို့ရေ”



From : http://myanmarmyalways.wordpress.com/ပျက်အစဉ် ပြင်ခဏ
(လူကြီးမင်း လူကလေးမင်းတို့ အဖားဘရိတ်အုပ်နိုင်ဖို့ . . . )
ဟောဗျာ၊ ဗိုလ်ချုပ်မသေခင်က ဦးဆောင်ရေးသွားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကလဲ မြန်မာနိုင်ငံတော် ဆိုပါ့လား။ ဦးဝင်းတင်ပြောသလို ဗမာလို့ ဘာလို့များ မရေးခဲ့သလဲနော်။ အင်း၊ ဗိုလ်ချုပ်သာ သူ့သမီးအဖေမဟုတ်ရင် ဒီလူကြီး နဂိုကတည်းက စဉ်းစဉ်းစားစား မလုပ်ခဲ့လို့လို့
အပြစ်တင်ခံရဦးတော့မယ်။
မှတ်ထားပါ ဦးဝင်းတင်ခင်ဗျာ၊ ဗမာဆိုတာက နေ့တဓူဝသုံးတဲ့နာမည်၊ မြန်မာဆိုတာက ဗိုလ်ချုပ်တို့ခေတ်ကတည်းက ခန့်ငြားဖို့ တရားဝင်သုံးတဲ့နာမည်။ မြန်မာဆိုတာက မူလ တရုပ်ပြည်က ရွှေ့လာကတည်းက ပါလာတဲ့ နာမည်။ ခေတ်ကာလအလျောက် အသံထွက်တော့ အနည်းငယ်ကွဲမှာပေါ့ဗျာ။ ရွှေစည်းခုံမွန်ကျောက်စာမှာတော့ မရမာ လို့ပေါင်းတယ်ဆိုပဲ။
ဗမာဆိုတာက အများပြောသလိုပဲ ကုလားက ခေါ်တဲ့နာမည်။ အခု ဗားမားဆိုတာက ကုလားအခေါ် ဘရမာကနေ ဗားမား။ ဒါ့ကြောင့် ဗိုလ်ချုပ်ကအစ နေ့တဓူဝစကားမှာ မြန်မာကိုလဲ ဗမာပဲပြောတယ်။ သူ့မိန့်ခွန်းတွေ ပြန်နားထောင်လိုက်၊ ဗမာပါလာရင် မြန်မာပဲ ညွှန်းတယ်၊ တိုင်းရင်းသားကို ထည့်ပြောတဲ့အခါ ဆိုင်ရာနာမည်တွေ ထည့်ပြောတယ်။ နောက်ဆုံးတော့ ဗုဒ္̕ဓအလိုကျပြောရရင် အားလုံးဟာ သမုတိသစ္စာထိုက်တာတွေချည်းပဲ။ အကုန် သမုတ်ထားတာချည်းပဲ။
အဲဒီတော့ ဗားမားဆိုတာက အင်္ဂလိပ်က သမုတ်ခဲ့တာ။ အဲဒါကို ပြန်တည့်တဲ့ အနေနဲ့ ပြည်တွင်းမှာ ခေါ်သလို မြန်မာပဲ ခေါ်ပါဆိုတာကို ခေါင်းဆောင်ကြီး မျက်နှာမညိုရလေအောင် ကြံဖန်ခုခံကာကွယ်နေတာ သိသာတယ်၊ ဒါမှမဟုတ် အဲလိုပြောင်းခဲ့တဲ့ စစ်တပ်အပေါ် အာဃာတကြီးလွန်းတယ်။ ဒီလို အခြေခံစိတ်ဓာတ်တွေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အိပ်မက်မမက်နဲ့။
ကျွန်တော်က ပုဂ္ဂိုလ်ရေးအရပြောရရင် အင်္ဂလိပ်လို ဗမာ Bamah or Bamar or Bama လို့ပေါင်းမယ်ဆိုရင်တောင် လက်ခံနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မြန်မာဆိုတာကို ပိုချစ်လို့ ပိုပြီးသံယောဇဉ်တွယ်လို့၊ အဲဒါကို မြန်မာတိုင်းရင်းသားအဖြစ် ယူလဲ ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ။ အခုလို ပစိပစပ်လုပ်ပြီး စကားတတ်တိုင်း၊ နိုင်ငံရေးနယ်ပယ်မှာ နေရာရတိုင်း စည်းလွတ်ကမ်းလွတ် လျှောက်ပြောနေတာဟာ ရှက်ဖို့ကောင်းပါတယ်ဗျာ။ လူကြီးမင်းများ ဘာလုပ်လုပ် ဘာပြောပြော ကိုယ်ပိုင်ဥဏှောက်ကို မေ့နေပြီး ဟေးလားဝါးလား ထောက်ခံနေသူတွေအတွက်တော့ လောင်စာတွေဖြစ်ပါတယ်၊ ဒါပေမဲ့ ဖွဲမီးလောင်စာတွေပဲဆိုတာ လူကြီးမင်းများလဲ အတော်နီးနေပြီမို့ သိသင့်တယ်လို့ ထင်ပါတယ်။
နောက်ပြီးပြောလိုက်ပါဦးမယ်၊ Burma လို့ တစ်ကမ္ဘာလုံးက သိတယ်၊ Myanmar က လူမသိဘူး။ ဒါလဲ မှားပါတယ်ဗျာ၊ ဘယ်ဟာဖြစ်ဖြစ် တစ်ကမ္ဘာလုံးမသိပါဘူး။ ပညာရှင်တွေနဲ့ စိတ်ဝင်စားသူတွေသာ သိပါတယ်။ ကုန်ကုန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မသိတဲ့ အမေရိကန်တွေတောင် ရှိပါတယ်။ ကျနော့်ကိုယ်တွေ့ပါ။ အသက် ၆၀ တန်းထဲက မျက်နှာဖြူအမေရိကန်လင်မယား လင်ကော မယားပါ ဘယ်သူမှမသိတာ ကြုံဖူးပါတယ်။ ကျနော်နေနေတဲ့ ဂျပန်ဆိုရင် ဘီရုမာကို လူကြီးပိုင်းက ပိုသိတယ်။ မြန်မာကို လူငယ်ပိုင်းက ပိုသိတယ်။ ဒေါ်စုကို မသိတဲ့ လူငယ်တွေလဲ ထုနဲ့ဒေးပါပဲ။ ကြာလာတော့ အားလုံးသိသွားတာပါပဲ။ ကာလကတ္တား၊ နယူးဒေလီထက် ဗားမားက မတွင်ကျယ်ခဲ့ဖူးပါဘူး။ ဗားမားထက် စီလုံကို တချိန်က လူသိမနည်းခဲ့ပါဘူး။ ဒီနေ့ သီရိလင်္ကာကို လူတိုင်း ဒါမှမဟုတ် လူအများသိပါတယ်။
နောက်တစ်ယောက် သံလွင်ရရစ်ဆိုသူက ဆရာလေသံနဲ့လာသေးတယ်၊ သင်းတို့ဉာဏ် လက်နှစ်သစ်မပြည့်တပြည့်နဲ့၊ ထပ်ပြောလိုက်ဦးမယ်၊ နားထောင်။
တို့ဗမာခေတ်ဆိုတော့ ၁၉၃၀ မေလ ၃၀ က စတာပေါ့။ တို့ဗမာသခင်အဖွဲ့က သုံးတာနဲ့ ဗမာဖြစ်ရကြေးဆိုရင် လွတ်လပ်ရေးယူစဉ်ကတည်းက ဗမာနိုင်ငံလို့ ခေါ်ရတော့မှာပေါ့။ ဗမာဆိုတာ တိုင်းရင်းသားအားလုံးအကြုံးဝင်တယ်ဆိုတော့ ပြည်ထောင်စုဆိုတာတောင် မလိုတော့ဘူးပေါ့။
အဲဒီ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ။ ဒါဆိုရင် တစ်မျိုးသားလုံး ပူဇော်ကော်ရော် လေးစားမဆုံးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အတော်ချာတာပဲပေါ့။ သူက ဆရာခေါ်တဲ့ ဒီဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ် တို့တတွေလည်းပဲ အတော်ချာတာပေါ့။ အဲဒီတုန်းက သက်ရှိထင်ရှားရှိပါလျက် ထောက်မပြခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လည်း အတော်ရှော်တာပေါ့။
ကိုယ့်လူတို့ရေ၊ ကြည့်လဲရမ်းကြပါကွာ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းပြီးဖားချင် ယားချင်တာနဲ့တော့ တစ်မျိုးသားလုံး လေးစားမဆုံးသူတွေကို မြောင်းထဲမောင်းမချပါနဲ့။
မှတ်ထားကြ၊ မြန်မာနဲ့ ဗမာ အတူတူပဲ။ တစ်ခုက မူလ၊ နောက်တစ်ခုက ကုလားတွေက ဘရမာ (ဗြဟ္မာ) ခေါ်ရာက ဗမာဖြစ်လာတယ်ပြောတယ်။ ဗ နဲ့ မ က ဝဂ်တစ်ခုထဲမှာမို့ ကာလရွေ့လျောလာတာနဲ့ မြန်မမာကနေ ဗမာဖြစ်တယ်လို့လဲ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဒါပေမဲ့ ဒို့ဖိုးဖွားတွေရဲ့ ပြောင်ခဲ့တဲ့ဂုဏ်ရောင်ဟာ မြန်မာအနေနဲ့ ပြောင်ခဲ့တာ၊ ပထမ ဒုတိယ တတိယ စတုတ္ထနိုင်ငံတော်တွေ ထောင်ခဲ့တာ။ အဲဒီ ဘိုးဘွားတွေကြောင့် မျိုးချစ်စိတ်ကိန်းခဲ့ အောင်းခဲ့တာ။ ကျေးဇူးမကန်းကြနဲ့။
ဒါ့ကြောင့်လဲ ဘယ်တိုင်းရင်းသားကမှ သူတို့ကိုယ်သူတို့ ဗမာလို့ ဘယ်တုန်းကမှ မညွှန်းဘူး လက်မခံဘူးတယ်။ ဗကပကလဲ ဗမာလူမျိုးကြီးဝါဒလို့ မြန်မာတွေကိုစွပ်စွဲသွားသလို ဗိုလ်ချုပ်အောင်ဆန်းကလဲ မြန်မာတွေကို ဗမာချင်း မိုးမွှန်အောင် သုံးသွားတယ်။ ခင်ဗျားတို့တတွေ အခု မမြင်ဘူး မူးမြစ်ထင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲပဲ မြန်မာတွေကို သူစကားပြောရင် ဗမာလို့ပဲ ပြောတယ်။
တကယ်တော့ တိုင်းရင်းသားတွေကို သူ့နာမည်နဲ့သူပဲထား၊ ဘာမှမဖြစ်ဘူး၊ မြန်မာလဲ ပေးစရာမလိုသလို ဗမာလဲ ပေးစရာမလိုဘူး။ မြန်မာနိုင်ငံမှာနေရင် မြန်မာနိုင်ငံသားပဲ။ ပြည်ထောင်စုသားတွေ ဒါမှမဟုတ် လူမျိုးစုတွေ နေနေကြတဲ့ နိုင်ငံတွေ အများအပြားရှိတယ်။ အမေရိကမှာနေရင် လူမျိုးက ဘာဖြစ်နေနေ အမေရိကန်ပဲ။ အင်ဒိုနီးရှားမှာနေရင် အင်ဒိုနီးရှားပဲ။ တရုပ်ပြည်မှာ နေတယ်နော်၊ တရုပ်ပဲ။ ခေါင်းဆောင်တွေက စေတနာပိုပြီး ဟေ့ ဒို့မှာ နာမည် ၂ ခုရှိနေတယ်၊ ပိုပြီးခန့်ငြားတဲ့ တင့်တယ်တဲ့ နာမည်ကို အများဆိုင်လုပ်လိုက်ကြရအောင်ဆိုပြီး ပေးတဲ့သဘောပဲ။ ပိုပြီး စည်းလုံးလာမလား မျှော်မှန်းခဲ့တာလဲ ဖြစ်နိုင်တာပဲ။
အခုတော့ လွှတ်တော်ထဲကျတော့ အူယားဖားယားဝင်ချင်တယ်၊ ဒါံ့ကြောင့် ကျမ်းကျိန်တယ်။ ကျိန်ပြီးပြီးရော လုပ်လို့မရဘူး။ ဒီမိုကရေစီစကားကို လိပ်ခေါင်းထွက်မတတ် ရွတ်ဖတ်သရစ္ဆာယ်နေသူတွေက ပိုပြီးတောင် ဥပဒေကို လေးစားသင့်တယ်။ အခုမလေးမစားလုပ်တော့၊ ဟိုဖက်က အရင်ပြောခဲ့တဲ့ သူ့ယောက်ျားနဲ့ ကိုလိုနီ အရှင်သခင်တွေ အားရအောင်လုပ်နေတယ်ဆိုတာနဲ့ ကိုယ်ကိုယ်တိုင်က သက်သေပြနေတာမျိုး မဖြစ်သွားဘူးလား။
ကဲ၊ နောက်ဆုံးတစ်ချက်လောက် ခပ်စပ်စပ်ထည့်လိုက်ဦးမယ်၊ ဗမာလို့သုံးခဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာတစ်ချပ်လောက် ညွှန်းပေးကြစမ်းပါ။ အကန်းက မျက်မမြင်ကို ဆွဲခေါ်နေသူတွေ အားလုံး ဝိုင်းပြီး ရှာပြကြစမ်းပါ။ ခင်ဗျားတို့တတွေကို အလကား ငဖားတွေ၊ ကျိုးကြောင်းမဆင်ခြင်တတ်ပဲ ထော့ကျိုးထော့ကျိုးဝင်လာတဲ့ စွာတာတာလူတွေလို့ပဲ ကင်ပွန်းတပ်လိုက်ကြောင်းပါဗျား။
[ဒီအောက်ဆုံးပိုဒ်ကတော့ ကျွန်တော့်ထက် သက်ကြီးဝါကြီးဖြစ်တဲ့ သူများကို မရည်ညွှန်းပဲ၊ ရွယ်တူနဲ့ ငယ်သူများကိုသာ ရည်ညွှန်းကြောင်းပါခင်ဗျား၊ (ကျွန်တော်လဲ နောက်လထဲမှာ ၆၇ နှစ် ပြည့်မယ်)]

No comments:

Post a Comment