ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

အမျိုးသမီးများနေ့ အမျိုးသမီးများ ယာဉ် အခမဲ့ စီးခွင့်ပြု



င်္From: The Voice Weekly
မြန်မာနိုင်ငံ အမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုနှစ်အတွင်း အမျိုးသမီး သီးသန့် ယာဉ်လိုင်း များတွင် ယာဉ်စီးခ အခမဲ့ဖြင့် စီးနင်းခွင့် ပြုသွားရန် ရှိကြောင်း အမျိုးသမီး သီးသန့်ယာဉ် ပေါ်ထွက်လာရန် စီစဉ် ဆောင်ရွက်ခဲ့သူ ဒေါ်ကေခိုင်အောင်ခင်က ပြောကြားသည်။

ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို အမျိုးသမီး သီးသန့်ယာဉ်လိုင်း တွင် အမျိုးသမီးများ ယာဉ်စီးခ အခမဲ့ စီးနင်းစေခြင်းဖြင့် ဂုဏ်ပြုကြောင်း၊ အမျိုးသမီး သီးသန့်ယာဉ်လိုင်း ပေါ်ထွက်လာစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင်လည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးများနေ့နှင့် ပတ်သတ်၍ ဇူလိုင်လ ၁ ရက်နေ့တွင် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း၎င်းက The Voice Weeklyသို့ ပြောကြားသည်။

အမျိုးသမီး သီးသန့်ယာဉ်လိုင်း စတင်ကာစတွင် ဝေဖန်မှုများ၊ မှားယွင်းမှုများ ရှိခဲ့သည်။ အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ၁၇၇၊ ၁၇၆၊ အဓိပတိ အနီ၊ အပြာ၊ အဝါယာဉ်လိုင်းများက မနက်(၁၀) စီး ည (၁၀) စီးဖြင့် တနလာင်္နေ့မှ သောကြာနေ့ထိ ပြေးဆွဲပေးလျှက် ရှိကြောင်း မဟာဗန္ဓုလ ကုမ္ပဏီထံမှ စုံစမ်း သိရသည်။

အမျိုးသမီး ယဉ်လိုင်းများသည် ကြင်ဖော် ချစ်သူမရှိသူ အမျိုးသမီးများအတွက် အဆင်ပြေသော်လည်း ကြင်ဖော်ချစ်သူနှင့်တွဲ၍ သွားလိုသူများ အတွက် စီးနင်းရန် အဆင်မပြေကြောင်း ပြောဆိုကြပြီး ၁၉၈၀ ခုနှစ် ဝန်းကျင်က ကားအလယ် တွင်း သို့ သံဆန်ကာ ခြား ထားသည် အမျိုးသမီး အမျိုးသား သီးသန့် ခွဲ ခြား ထားသည့် ကပရ အမှတ် ၉ လိုင်းကား ပြေးဆွဲခဲ့ဖူးကြောင်း ရန်ကုန် မြို့ခံ တစ်ဦးက ပြောကြား သည်။

No comments:

Post a Comment