
ရခိုင်ပြည်နယ်တွင် အခြေအနေများကြောင့် သမ္မတကြီးဦးသိန်းစိန်က ၄င်း၏သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အား ရွေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၄င်း၏ ဇူလိုင်လလယ် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အား ဆိုင်းငံ့လိုက်ပြီး အစ္စလာမ်ဘာသာဝင် တို့၏ ရာမာဒမ်ဥပုဒ်ကာလပြီးချိန် မှာသာ ပြန်လည်စီစဉ်ရန် ညွှန်ကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး Mijarul Quayes က ဆိုသည်။
“မြန်မာသမ္မတဟာ ဇူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်ကို လာနိုင်မှာ မဟုတ် ပါဘူး၊ ရာမာဒမ်ဥပုဒ်ကာလပြီးမှပဲ လာဖို့ ရက်သတ်မှတ်ဖို့ လုပ်နေပါတယ်” ဟု ၀န်ကြီး Mijarul Quayes က ဆိုသည်။ သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အတွင်း သဘောတူညီချက် အမြောက်အများကို လက်မှတ်ရေးထိုး အတည်ပြုသွားရန် ရည်ရွယ်ထား သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေအား ဆက်လက်ပြဌာန်းထား ရသောကြောင့် သမ္မတ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဗိုလ်ချုပ် Anup kumar chakma ကလည်း ဇူလိုင်လ (၁၅)ရက်မှ (၁၇)ရက်အထိ သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသမှ ရိုဟင်ဂျာများအရေးနှင့် ဆက်စပ်သောဆူပူလှုပ်ရှားမှုများအရေး ကို ဆွေးနွေးဖြစ်ကြမည်ဟု AFPသတင်းဌာနသို့ ပြောကြားခဲ့သေးသည်။
No comments:
Post a Comment