ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၂၉ ရက် နံနက် (၁၀) နာရီတွင် အာဆီယံပါလီမန်များ ညီလာခံဥက္ကဋ္ဌ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Dr.H.Marzuki Alie.SE.MM အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အာဆီယံနိုင်ငံများအကြား အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မြဲမှုအတွက် ကဏ္ဍပေါင်းစုံတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ အင်ဒိုနီးရှားနိုင်ငံ၏ ပုဂ္ဂလိကနှင့် အစိုးရပိုင်းဆိုင်ရာ ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေးများ အပြန်အလှန်ကျင်းပရေး ကိစ္စရပ်များနှင့် (၂၀၁၂) ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဘာလီဒီမိုကရေစီဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတအား အင်ဒိုနီးရှားသမ္မတက ဖိတ်ကြားသည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment