ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ရခိုင်ပြည်နယ်တွင် ကျောင်းများ တစ်ပတ် အတွင်း ဖွင့်မည်



From : စောမြင့်သန်း (ပေါက်တော)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခပြဿနာများ ကြောင့် ခေတ္တရပ်နား လျက်ရှိသည့် မြို့နယ် ငါးမြို့နယ်မှ အခြခံ ပညာ မူလတန်း၊အလယ်တန်းနှင့် အထက် တန်း ကျောင်းများကို တစ်ပတ်အတွင်း ဖွင့်လှစ်သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်သင်ကြားပေးသွားမည့် မြိုနယ်များမှာ စစ်တွေ ၊ ကျောက်တော်၊ ရသေ့တောင် နှင့် ၊ဘူးသီးတောင် ၊မောင်တော တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များမှာ ကျောင်းဖွင့်ချိန်ကတည်းကပင် ပုံမှန်ဖွင့်လှစ် သင်ကြား လျက်ရှိကြောင်း သိရသည်။

"ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဒီမြို့နယ်တွေက ကျောင်းတွေကို တစ်ပတ်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့စီစဉ်နေပါတယ် တကယ်တော့ ရခိုင်ပြည်နယ် မှာရှိတဲ့ ကျောင်းတွေကို ဘယ်ကျောင်းမှ တရားဝင်ပိတ်ထားခဲ့ခြင်းမျိုး မဟုတ်ပါဘူး လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် မိဘတွေက သားသမီးတွေ ကို စိတ်ပူတဲ့အတွက် ကျောင်းတွေကို မလွှတ်ကြ တာဖြစ်ပါတယ် ၊ ကျောင်းတွေမှာတော့ ဆရာမတွေရှိခဲ့ပေ မယ့် ကျောင်းသားတွေက မလာတော့ ကျောင်းက ပိတ်သလိုမျိုးဖြစ်သွား တာပါ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တရားဝင် ပိတ်ခိုင်းတာမျိုးတော့ မရှိခဲ့ပါဘူး ၊ မကြာခင်ရက်ပိုင်းအတွင်းမှာ ဆိုရင်လည်း ကျောင်းတွေအားလုံးကို ကျောင်းသူကျောင်းသားတွေရောက်လာတော့မှာဖြစ်ပါတယ် " ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကျောင်းများကို အမြန်ဆုံးဖွင့်လှစ်နိုင်ရန် အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ရခိုင်ပြည်နယ် ပညာရေးကြီးကြပ်မှုကော်မရှင် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ထက်လယ်မှု ကျောင်းများမှ ကျောင်းအုပ်ကြီးများပါဝင်သော ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် ကျောင်းများကို အမြန်ဆုံးဖွင့်လှစ်နိုင်ရန် အစီအစဉ်များ ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဦးစားပေးအဆင့်အနေနဲ့ အခြေခံပညာကျောင်းတွေကို အရင်ဖွင့်ပါမယ် နောက်တစ်ဆင့် နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာ တက္ကသိုလ်တွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် နောက်အခြေအနေပေး လာတာနဲ့အမျှ စစ်တွေတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ဖို့စီ စဉ်ဆောင်ရွက်နေပါတယ် " ဟု ယင်းက ဆက် လက်ပြောကြား သည်။

No comments:

Post a Comment