ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ဘောလုံးပွဲ အားပေးသူများနဲ့ ဘောလုံးသမားများကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်



ယခု ကျင်းပလျှက်ရှိတဲ့ ၂၂ နှစ်အောက် အာရှဖလား ဘောလုံးပြိုင်ပွဲများမှာ အားပေးသူများနဲ့ ဘောလုံးကန်သူများကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က အလွန်စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။ ဘောလုံးပွဲ အားပေးသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန့်ကျင်ပြီး ဗမာ လို့ သုံးရမယ့် နေရာမှာ မြန်မာ လို့ သုံးစွဲ နေကြခြင်းကြောင်း ဖြစ်တယ်လို့ NLD ပါတီဝင် တစ်ဦးက ဆိုပါတယ်။

အခြားကိစ္စများမှာ ဒေါ်အောင်ဆန်းစုကြည်လုပ်သမျှကို လူအများက မျက်စိစုံမှိတ်ပြီး ထောက်ခံကာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ကြပေမယ့် မြန်မာ ဗမာ ကိစ္စမှာတော့ ဦးတင်ဦး၊ ဦးဝင်တင် နဲ့ ဦးဥာဏ် ဝင်း အပါအဝင် NLD ပါတီ အနည်းအကျဉ်းကသာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း ပြောလျှက် ရှိပါတယ်။



မြန်မာ ကို မြန်မာလို့ မသုံးပဲ ဗမာ လို့ သုံးဆွဲမှုကြောင့် ရွှေးကောက်ပွဲ ကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ကို (၂) ကြိမ်တိတိ သတိပေးထားပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုထိ အမှားကိုသိကာ အမှန်မပြင်နိုင်သေးပဲ အဓိပ္ပါယ်မရှိ ခေါင်းမာနေစဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ကလည်း NLD ပါတီဝင်အများအပြားက မြန်မာ ဆိုတဲ့ အသုံးအနှုံးကို ဆိုင်းဘုတ်များတွင် ရေးသားကာ ကိုင်ဆောင်ခဲ့ကြလို့ ဒေါ်အောင်ဆန်းစုကြည်က ဆူပူကျိန်းမောင်း အရေးယူခဲ့တာတွေ ရှိခဲ့ပြီး အခုလည်း မြန်မာ မြန်မာ လို့ အော်ဟစ် နေကြတဲ့ ဘောလုံးပွဲအားပေးသူများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလွန်တင်းမာနေတာကြောင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဘယ်လောက် ဖိတ်ကြားပစေ ဘောလုံးပွဲ လုံးဝ သွားမကြည့်တော့ဘူးလို့ သိရပါတယ်။

လက်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ ဗမာ ပြဿနာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်သူ များပြားလာပြီး ထောက်ခံသူအရေအတွက်လည်း သိသိသာသာ ကျဆင်းလျှက် ရှိကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment