ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များမှ စီးပွားရေး ဆောင်ရွက်မှု များနှင့် ပတ်သက်ပြီး တစ်ဦးချင်း သီးသန့် ဆွေးနွေး သွားမည်



From : MRTV-4
Global Business Link Co.,Ltd (GBL) ကြီးမှူးပြီး ထိုင်းနိုင်ငံမှ နိုင်ငံခြား စက်မှု ကုန်ထုတ် လုပ်ငန်းရှင် များနဲ့ ပြည်တွင်းမှ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တွေဟာ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး ဆောင်ရွက် နိုင်မှုတွေနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို တွေ့ဆုံရာ မှာတော့ ထိုင်းနိုင်ငံ စက်မှု ကုန်ထုတ် လုပ်ငန်းရှင် ကုမ္ပဏီ ၄၀ ခုကို ဖိတ်ခေါ်ပြီး တိုက်ရိုက် ကုန်သွယ်ရေး အခွင့်အလမ်း များနဲ့ အကျိုးတူ ပူးပေါင်း နိုင်အောင် တွေ့ဆုံ ဆွေးနွေး သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲမှာ ကြွေထည် လုပ်ငန်း၊ အမျိုးသားစီး သားရေ ဖိနပ် လုပ်ငန်း၊ မုန့်အမျိုးမျိုး လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ အချိုမှုန့် လုပ်ငန်း၊ ချည်ထည် လုပ်ငန်း၊ အလူမီနီယံ၊ စတီး လုပ်ငန်းနဲ့ စိုက်ပျိုးရေးသုံး စက်ပစ္စည်း လုပ်ငန်း အစရှိတဲ့ လုပ်ငန်း များကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များနဲ့ ရင်းနှီး မြှုပ်နှံနိုင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment