ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

မြန်မာနှင့် အမေရိကန် စီးပွားရေး တစ်ကျော့ပြန်


From : The Voice

ရန်ကုန်၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာ စီးပွားရေး ပိတ်ဆို့ထားသော အမေရိကန်တို့ ပထမဆုံး လာရောက် စီးပွားရေး လုပ်ကိုင်သည့် အနေဖြင့် အမေရိကန် ကျန်းမာရေးလုပ်ငန်း တစ်ခုနှင့် ဆက်စပ်၍ စတင် စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမား၏ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာ အမေရိကန် နာမည်ကျော် အမှတ်တံဆိပ် GE နှင့် ၂၅ နှစ်အတွင်း ပထမဆုံး လုပ်ငန်း စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီ အစည်းအဝေးနှင့် တိုက်ဆိုင်လျက် အမေရိကန်နိုင်ငံမှ GE အမှတ်တံဆိပ် ခေတ်မီ ရောဂါ ရှာဖွေရေးနှင့် ကုသရေး စက်ပစ္စည်းများ ဝယ်ယူခြင်းအတွက် GE Healthcare ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်သော Sea Lion Co., Ltd. နှင့် ယင်းပစ္စည်းများကို ဝယ်ယူအသုံးပြုသည့် ဗဟိုရ်စည် ဆေးရုံနှင့် ပန်းလှိုင်ဆေးရုံတို့ အရောင်းအဝယ် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ယနေ့ညနေတွင် ကျင်းပရာ အမေရိကန် စီးပွားဖွံ့ဖြိုးရေး၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Robert Hormats၊ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Francisco Sanchez၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဗဟိုရ်စည် ဆေးရုံမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဦးကျင်ထွန်းနှင့် နာယက အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သိန်းသိန်းမြင့်တို့က လည်းကောင်း၊ ပန်းလှိုင် ဆေးရုံကိုယ်စား SPA/ FMI Co., Ltd. ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် ဆေးရုံအုပ်ချုပ်ရေးမှူး ဒေါက်တာ ရဲမိုးမြင့်တို့က လည်းကောင်း၊ Sea Lion Co., Ltd. ကိုယ်စား အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဝင်းဇော်အောင်က လည်းကောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ကြသည်။

“အမေရိကန်နဲ့ မြန်မာ ဆယ်စုနှစ် နှစ်စု အကြားမှာ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ပထမဦးဆုံး သဘောတူ စာချုပ်လို့ ပြောလို့ ရပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍဟာ ဝါရှင်တန် အစိုးရရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်သလို မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ် ” ဟု သက်တမ်း ၂၂ နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး အမေရိကန် သံအမတ်သစ် ဖြစ်လာသူ Mr. Derek Mitchell က ဆိုသည်။

GE ကုမ္ပဏီမှ ဗဟိုရ်စည်ဆေးရုံက 128-slice GC Optima CT 660 ASir (CT Scanner) နှင့် ပန်းလှိုင်ဆေးရုံက GE Innova IGS 530 နှလုံးနှင့် သွေးကြော ပုံရိပ်ဖော် စက်ကြီးများကို ဝယ်ယူ အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း Sea Lion Co., Ltd. ထံမှ သိရှိရသည်။

No comments:

Post a Comment