ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

ရွေးကောက်ပွဲ လုပ်စဉ်က ကား၊ ရုံး၊ ဆိုင် တွေမှာ ဗိုလ်ချုပ်ပုံတွေ ကပ်ခဲ့သော်လည်း လွှတ်တော် အမတ်ဖြစ်ပြီးနောက် ဒေါ်စု အာဇာနည်နေ့အခမ်းအနား မတက်တော့



လွှတ်တော်အမတ်မဖြစ်ခင်တု နိုင်ငံခြားတွင် မိုက်ကယ်အဲရစ်နှင့် နေထိုင်စဉ် က ဒေါ်ခင်ကြည် အသက်ရှိနေသေးသဖြင့် အာဇာနည်နေ့ အခမ်းအနားကို လာရောက်တတ်သော ဒေါ်အောင်ဆန်း စုကြည် ဟာ ယခု ဒေါ်ခင်ကြည်လည်း သေပြီး၊ လွှတ်တော်အမတ်လည်း ဖြစ်ပြီးချိန်မှာတော့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်တော့ဘူးလို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနားသို့ သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည် ဗိမာန်ကို သွားရောက် အရိုအသေပေးမယ့်အစား အိမ်မှာပဲ နေမယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ အမျိုးစောင့်ပြီး မြန်မာအမျိုးသမီးကိုပဲ လက်ထပ်ထားတဲ့ ဦးအောင်ဆန်းဦးကတော့ ဗိမာန်ကို သွားရောက်အလေးပြုမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာအကြောင်းပြချက်ကြောင့် အာဇာနည်ဗိမာန်ကို မသွားရောက်တာလဲ ဆိုတာကို တော့ တစ်စုံတရာ ရှင်းပြခြင်း မရှိပါဘူး။ ၎င်း ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်သံတွေ အမျိုးမျိုး ကြားနေရပြီး မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မျိုးမစောင့်မှု ၊ ဗိုလ်ချုပ်ရဲ့ မျိုးဆက် တစ်ခုလုံးကို တိမ်ကောအောင်လုပ်မှုနဲ့ ဗိုလ်ချုပ်ရဲ့အမွေတွေကို တစ်ယောက်တည်း အပိုင်စီးထားမှုကြောင့် လိပ်ပြာမလုံဖြစ်ကာ ဗိုလ်ချုပ် ကို သွားမတွေ့ရဲတာ ဖြစ်နိုင်ကြောင်း အခုလို ပြောပြပါတယ်။

"ပွင့်လင်းမြင်သာရမယ်လို့တော့ ခဏခဏ ပြောတာပဲ... ဒါပေမယ့် ခိုင်လုံတဲ့အကြောင်းပြချက်တော့ မပေးဘူး... ရွေးကောက်ပွဲ လုပ်တုန်းကတော့ ကားတွေမှာရော၊ ရုံးတွေမှာရော၊ ဆိုင်တွေမှာရော ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကပ်တယ်လေ.. အခု အာဇာနည်နေ့ကျတော့ ဗိမာန်တောင် လာဖော်မရဘူး... ဖြစ်နိုင်တာကတော့ သူ့အပြစ်တွေ သူသိသွားလို့ ရှက်သွားတာ ဖြစ်နိုင်တယ်.. ဗိုလ်ချုပ်ကို မျိုးဆက်ပျက်အောင်လုပ်တယ်၊ အမွေတွေ အပိုင်ဆီးတယ်လေ... အဲလိုပုံစံနဲ့ ကုန်းပေါ်တက်လာရင် ဗိုလ်ချုပ်က ပါးတောင် ထပြီး ရိုက်နိုင်တယ်ဗျ... နောက်တစ်ခုက အမွေအပိုင်စီးထားတာကြောင့် မောင်နှမချင်း မျက်နှာချင်း မဆိုင်ရဲတာကြောင့်လည်း ပါမယ်ထင်တယ်.."


အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီပေါင်း ၃၀ ကျော်မှ တစ်ပါတီလျှင် ၅ ဦး စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ရ မည်ဖြစ် ကြောင်း သိရပြီး ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment