ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

နေ့စဉ် ရေဂါလန် ၄၅ သန်း ပေးမည့် ငမိုးရိပ် စီမံကိန်း ၂၀၁၃ တွင် ပြီးမည်



From : The Voice
ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်း အနီးရှိ ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း ငမိုးရိပ် ရေသန့်စင်စက်ရုံမှ ဒုတိယအဆင့် စီမံကိန်း တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အချောသပ် ပြီးစီးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ၏ အင်ဂျင်နီယာမှူးက ပြောကြားသည်။

အဆိုပါစီမံကိန်း ပြီးစီးပါက ရန်ကုန်မြို့နေ ပြည်သူများသို့ ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေ ဂါလန် ၄၅ သန်း နေ့စဉ် ထပ်မံဖြည့်တင်း ပေးဝေနိုင်မည် ဖြစ်ကြောင်း ၎င်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

ရန်ကုန်မြို့တော်သို့ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း၊ စက်ရေတွင်းများနှင့် ရေစုတွင်းကျယ်တို့မှ ရေဂါလန်သန်း ၁၆၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန်.ရှင်းမှု) မှ နေ့စဉ် ပေးဝေလျက် ရှိသော်လည်း မြို့တော်နေ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသာ ပေးဝေနိုင်ခဲ့သည်။

ရန်ကုန်မြိုတော်နေ လူဦးရေနှင့် ညီမျှသော သောက်သုံးရေ ဖူလုံစွာ ပေးဝေနိုင်ရန် ငမိုးရိပ် ရေပေးဝေရေး ဒုတိယအဆင့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး စစ်ပင်တောင် ရေပေးဝေရေး စီမံကိန်း၊ လှိုင်မြစ်ရေတင် ရေပေးဝေရေး စီမံကိန်းနှင့် ကုက္ကိုဝ မြစ်ရေတင် ရေပေးဝေရေး စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ယင်းဌာနမှ ထပ်မံစုံစမ်း သိရှိရသည်။

ငမိုးရိပ် ရေပေးဝေရေး ဒုတိယအဆင့် စီမံကိန်းတွင် ရေစုကန်၊ ရေတွန်းစက်၊ ရေစစ်ကန်၊ အနည်ထိုင်ကန်၊ အနည်စုဖွဲ့ကန်၊ အမြင့်တင်ရေစင်၊ အကြိုအနည်ထိုင်ကန်များ တည်ဆောက်မှုနှင့် ရေပို့ပိုက်လိုင်းများ သွယ်တန်းမှုအား ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment