ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

နိုင်ဂျီးရီးယား၌ ဆီတင်ယာဉ် ပေါက်ကွဲ လူ ၁၀၀ ကျော်သေဆုံး၊ အများအပြား ဒဏ်ရာရ


နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၂ ရက်က လောင်စာဆီတင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ ဆီတင်ယာဉ်သည် တိမ်းမှောက်ပြီးပြီးချင်း မီးတောက်မီးလျှံများအဖြစ် လောင်ကျွမ်း ပေါက်ကွဲခြင်းမရှိဘဲ ရွာသားများ
ဓာတ်ဆီများ သွားရောက်စုဆောင်းနေချိန်မှသာ မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်ခဲ့သဖြင့် လူမြောက်မြားစွာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ ၄င်းဆီတင်ယာဉ်သည် အခြားသော မော်တော်ယာဉ် သုံးစီးကို ၀င်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်သေဆုံးသွားသူများအား မြစ်ကမ်းဘေးနေရာတွင် ချက်ချင်း စုပြုံသင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရသူ ၃၅ ဦးခန့်ကို နီးစပ်ရာ ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment