ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

ရွှေတိဂုံ စေတီတော်ကြီးမှ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေကျပ် သိန်းပေါင်း တစ်သောင်း ကျော်ရှိ



From : MRTV-4
ရွှေတိဂုံ စေတီတော်ကြီးရဲ့ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ တစ်နှစ်လျှင် ၀င်ငွေ ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင် လေးရာ ခုနစ်ဆယ့် လေးသိန်းကျော်
ရရှိတယ်လို့ ရွှေတိဂုံ မီဒီယာ တွေ့ဆုံပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေများကို ရွှေတိဂုံ စေတီတော်မှ ၀န်ထမ်း များကို လစာအဖြစ် ပေးအပ်တာ ဖြစ်ပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်းမှ ရရှိသော ၀င်ငွေများကို ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ စီမံခန့်ခွဲပြီး ၀န်ထမ်းပေါင်း ၈၇၀ အတွက် လစာ ခွဲဝေပေးခြင်း၊ လိုင်းခန်းနဲ့ အိမ်ရာများ ဆောက်လုပ် ပေးခြင်းတို့ အတွက် အသုံးပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှာ ကားကွင်း၊ သန့်စင်ခန်း၊ ဓါတ်ပုံဆိုင်၊ ရွှေဆိုင်း၊ ပန်းဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင်၊ ထီကား၊ ဖိနပ်အပ် လုပ်ငန်း၊ လိပ်စာ၊ ငါးစာ ရောင်းချခြင်း၊ အုန်းသီး၊ ထန်းသီး အရောင်းဆိုင်များ၊ လက်ဆောင် ပစ္စည်းဆိုင်များ၊ အုန်းပွဲ၊ ငှက်ပျောပွဲများ၊ ကုန်မျိုးစုံဆိုင်၊ စားသောက်ဆိုင် စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်းများကို နှစ်စဉ် ဇန်န၀ါရီလမှ ဈေးပြိုင် တင်ဒါ စနစ်ဖြင့် ငှားရမ်းတာ ဖြစ်ပြီး ဒီဇင်ဘာလ အထိ တစ်နှစ် သက်တမ်းသာ ပေးအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၀င်ငွေ များမှ ပိုသောငွေကို စီမံခန့်ခွဲမှု ရငွေဆိုတဲ့ သီးခြား ခေါင်းစဉ်နဲ့ ဘဏ်မှာ အပ်နှံထားပြီး အတိုးများ ကိုလည်း ဘဏ်၌သာ အပ်နှံ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment