မြန်မာနိုင်ငံထဲက အိမ်မရှိ၊ အလုပ်မရှိ၊ ပညာမရှိ၊ စားစရာမရှိတဲ့ ဒုက္ခသည်တွေကို သနားလှပါတယ်ဆိုပြီး အစိုးရကို အပြစ်တင်ကာ နာမည်ကောင်းယူ ကူညီနေတဲ့ UNHCR နဲ့ တတိယ နိုင်ငံများ က မြန်မာနိုင်ငံမှ သနားစရာ ယခင် ဖောရှော ဒုက္ခသည်များထက် ပိုဆိုးသူ နေစရာမြေတောင် မရှိသူများကိုတော့ မကူညီ၊ မခေါ်ချင်တော့ တာကြောင့် တတိယနိုင်ငံသို့ ပို့ပေးရန် မဖြစ်နိုင်ဟု ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းမှာ နေထိုင်ပြီး အမျိုးသားဆိုလျှင် ရွာမီးရှို့ခံရသည်ဟု ပြောကြ၊ အမျိုးသမီးဆိုလျှင် စစ်တပ်က မုဒိန်းကျင့်သည်ဟု ပြောကြပြီး ဒုက္ခသည်ပါ ဟု အမည်ခံကာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလုံ သူများကို အမြဲ ကြင်နာ သနားတတ်တဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဟာ ယခင် ဒုက္ခသည် အမည်ခံထားသူများထက် အဆ ပေါင်းများစွာ ဒုက္ခရောက်နေတဲ့ နေစရာတောင် မြေမရှိ၊ နိုင်ငံမရှိသော ရိုဟင်ဂျာ ဒုက္ခသည် စစ်စစ်များကိုတော့ ဒုက္ခသည် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ထိုသူများကို တတိယနိုင်ငံတွင် အခြေချနေ ထိုင်ရန် စီစဉ်ပေးနိုင်မည်မဟုတ်ဟု သတင်းစာရှင်းလင်းပွဲမှာ UNHCR ၏ မဟာမင်းကြီး Mr. Antonio Guterres က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် အကြောင်းပြပုံမှာ "UNHCR က စီစဉ်ပေးတဲ့ တတိယနိုင်ငံ အခြေချတဲ့အစီအစဉ်ဟာ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို အခြေအနေ တခုခုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ဖြစ်ပါတယ်။ အခု ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ ဒုက္ခသည်စာရင်းထဲမှာ မဝင်ပါဘူး။ UNHCR မှ ချမှတ်ထားသော ဒုက္ခသည် သတ်မှတ်ချက်နှင့် ညီမှ တတိယနိုင်ငံသို့ ပို့ပေးမှာဖြစ်ပါတယ်။" လို့ ကြာသပတေးနေ့ ညနေ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားပါတယ်။
အမှန်တကယ်မှာ ဘင်္ဂလီ ရိုဟင်ဂျာ များမှာ UNHCR ပြောတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ တနိုင်ငံမှ တစ်နိုင်ငံ အခြေအနေ တစ်ခု ကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြသော်လည်း UNHCR က တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
UNHCR ၏ ဗြောင်ကျကျ လိမ်လည်မှုကြောင့် UNHCR အပေါ် လူအများက ဝေဖန်ခဲ့ကြပြီး ယခင် ဒုက္ခ သည်များ ကို ကူညီတယ်ဆိုပြီး ငွေကြေးအထောက်အပံ့များ ကောင်ခံမှုကိုလည်း လူအများက သံသယ ရှိတဲ့ အပြင် ယခင် က ဒုက္ခသည် အမည်ခံပြီး တတိယနိုင်ငံ ခိုလုံသွားသူများကိုလည်း စက်ဆုတ်ရွံရှာလာကြပါတယ်။
ဒုက္ခသည် နှင့် ရိုဟင်ဂျာ ပြဿနာနှင့်ပတ်သက်ပြီး ဝါရင့် နိုင်ငံရေးအကဲခက်တစ်ဦးကတော့ ယခင်တုန်းက ဒုက္ခဆိုပြီး သူများနိုင်ငံကို ထွက်ပြီး သူများနိုင်ငံအတွက် အကျိုးပြု အလုပ်လုပ်နေကြသူများ နေရာမှာ ယခု ကိုယ့်နိုင်ငံသား မဟုတ်တဲ့ သူများနိုင်ငံသားတွေ သာ အစားထိုးသင့်ကြောင်း၊ ကိုယ့်နိုင်ငံသား များက ကိုယ့်နိုင်ငံမှာ မလုပ်အကျွေး ပြုသင့်ကြောင်း အခုလိုပြောပြပါတယ်။
"တကယ်တမ်းဖြစ်သင့်တာက ကိုယ့်နိုင်ငံသား မဟုတ်တဲ့ လူတွေကိုပဲ သူများနိုင်ငံတွေကို ပို့သင့်တယ်... ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဒုက္ခသည်ဆိုပြီး ကျွန်ခံနေကြတာ တပုံကြီးပဲ... သူတို့တွေကို အထဲပြန်လာပြီး သူတို့နေရာမှာ ရိုဟင်ဂျာတွေကို အစားထိုးသင့်တယ်ဗျ... အခု နိုင်ငံခြားမှာ ကျွန်ခံနေတဲ့ ဒုက္ခသည်ဆိုတဲ့ လူတွေ သွားကြည့်ပါလား.. တကယ်ဒုက္ခသည်တွေမှ မဟုတ်တာ.. အစိုးရကလည်း ပြန်လာဖို့ပြောပြီးပြီ... ပြန်လာတဲ့ လူတွေလည်း ပြန်လာပြီ... တကယ်ဒုက္ခရောက်နေတာ က ရိုဟင်ဂျာတွေဗျ.. သူတို့က မှ ဒုက္ခသည်အစစ်... " လို့ ဆိုပါတယ်။
အမေရိကန်၊ သြောစတေးလျှ ၊ နော်ဝေ နဲ့ ဂျပန်နိုင်ငံရောက် မြန်မာဒုက္ခသည်များကတော့ ရိုဟင်ဂျာတွေကို UNHCR က လက်မခံတဲ့ အပေါ်မှာ အလွန် ဝမ်းသာ နေကြပြီး ယခင်တုန်းက အလွန်စိုးရိမ်နေကြကြောင်း သိရပါတယ်။
"တကယ်လို့ ရိုဟင်ဂျာတွေရောက်လာရင် ကျွန်တော်တို့နဲ့ သူတို့က ကျွန်တော်တို့နဲ့ တန်းတူဖြစ်သွားမှာဗျ... အဲလိုမဖြစ်ပါစေနဲ့လို့ ညတိုင်း ဆုတောင်းလိုက်ရတာ.. အခုတော့ ဝမ်းသာတာပေါ့.. ကျွန်တော်တို့နေရာကို ဖယ်မပေးနိုင်ဘူးလေ... လာချင်တဲ့လူတွေ အများကြီးရှိနေတဲ့ကြားက ကံကောင်းလို့ ရောက်လာတာလေ.. လွယ်လွယ်ကူကူ နေရာဖယ်လို့ ဖြစ်မလား... ကျွန်တော်တို့က တစ်သက်လုံးနေဖို့ ဆုံးဖြတ်ပြီးမှ လာတာ.. နောင် သားစဉ်မြေးဆက် လည်း ဒီမှာပဲ ဆက်နေမယ်... အလုပ်အကိုင်တွေအားလုံး နေသားတကျဖြစ်နေပြီလေ... " လို့ သြေဇီမှ ကိုကျော်နိုင်က ပြောပါတယ်။

သမ္မတကြီး ဦးသိန်းစိန်၏ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်အပေါ်မှာ လူထုတစ်ရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံ ခဲ့ကြပြီး မပြတ်မသား လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိုမိုစိတ်ပျက်လာကြောင်း သိရပါတယ်။
ကုလသမ္မဂနဲ့ UNHCR အပါအဝင် NGO တွေ ပြောနေကျ လူသားချင်း ညှာတာ စာနာ မှု၊ လူ့အခွင့်အရေး ဆိုတဲ့ စကားတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြီး မြန်မာလူထုကတော့ UNHCR နဲ့ NGO များကိုပါ ရိုဟင်ဂျာနဲ့အတူ မောင်းထုတ်လိုကြကြောင်း သိရပါတယ်။
Mr. Antonio Guterres ဟာ သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
No comments:
Post a Comment