ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

မြန်မာမီနီ ဆလွန်ကား စီးရေ ၂၀၀ ရောင်းချပြီး



From : MRTV-4
ပြည်တွင်းမှာ ထုတ်လုပ် လျက်ရှိတဲ့ မြန်မာ မီနီဆလွန်းကား တွေကို အခု ဘဏ္ဍာနှစ် အတွင်း ရောင်းချမှုမှာ စီးရေ ၂၀၀ ခန့်ရောင်းချပြီး ဖြစ်တယ်လို့
စက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို မြန်မာ မီနီဆလွန်းကား ရောင်းချမှုကို အခု ဘဏ္ဍာနှစ် အတွင်း အစီးရေ ၉၀၀ ၀န်းကျင် ထုတ်လုပ် ရောင်းချပေး သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရောင်းချပေးပြီးတဲ့ အစီးရေ ၂၀၀ ဟာ ၀န်ကြီးဌာန ရုံးတွေကိုသာ ရောင်းချပေး ထားတာဖြစ်ပြီး ပြင်ပကို ထုတ်လုပ် ရောင်းချမှု မရှိသေးဘူးလို့ သိရပါတယ်။

အခုလို ရောင်းချမှု အတွက် အခုနှစ်မှာ ယခင်နှစ်တွေက ဈေးနှုန်းထက် ကျပ်သိန်း ၂၀ တိုးမြှင့်ပြီး ကားတစ်စီးလျှင် ကျပ် ၇၅ သိန်းနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဒီလို ရောင်းချမှုတွေ အတွက် လက်ရှိ ထုတ်လုပ် ထားတဲ့ အစီးရေ ကုန်ဆုံးသွားပြီး တဲ့နောက် ကျန်ရှိ နေတဲ့ မြန်မာ မီနီဆလွန်း ကားတွေကို သက်ဆိုင်ရုံးတွေမှာ လာရောက် လျှောက်လွှာတင် ထားတဲ့ ပြည်သူတွေကို ဦးစားပေး ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ မြန်မာ မီနီဆလွန်း ကားတွေကို ၀ယ်ယူလိုသူတွေ အနေနဲ့လည်း လျှောက်လွှာ စာရွက်ပေါ်မှာ အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တွေကို အပြည့်အစုံ ရေးသားပြီး စက်မှုဝန်ကြီး ဌာနကို ပေးပို့လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment