ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

တာမွေရာပြည့်ဈေး ၁၂ ထပ် ဆောက်မည်


From : The Voice
ရန်ကုန်မြို့ တာမွေအဝိုင်း အနီးရှိ ရာပြည့်ဈေး ဖျက်သိမ်းပြီး ဈေးအပါအဝင် ၁၂ ထပ် အဆင့်မြင့် အဆောက်အဦးကို ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ခွင့်ရ ကုမ္ပဏီထံမှ သိရသည်။“ ဒီဈေး ဆောက်လုပ်ဖို့က ကျပ်ဘီလီယံ ၇၀ လောက် ကုန်မယ်” ယင်းကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။
ယင်းဈေးနေရာတွင် တည်ဆောက်မည့် အဆောက်အဦးသစ်မှာ မြေညီထပ်တွင် မူလဈေးမှ ဈေးသည်များ အတွက် ဈေးဆိုင်များ တည်ဆောက်ပေးသွားမည် ဖြစ်ပြီး မြေအောက်ထပ်နှင့် အပေါ်ထပ်တို့တွင် ကားပါကင်များ ထားရှိကာ ရုံးခန်းနှင့် လူနေတိုက်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ ရာပြည့်ဈေးမှာ ၁ ဒသမ ၀၉၁ ဧက ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၆၅၃ ခန်း ရှိကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန စာရင်းအရ သိရသည်။

No comments:

Post a Comment