ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ဘင်္ဂလီများနှင့် မြန်မာ လူ့အဖွဲ့အစည်း အပိုင်း(၁)

001_R_2ပထမဦးဆုံး အနေနဲ့ ကိုရဲရင့်သစ္စာရဲ့ နောက်ဆုံးပြန်ကြားချက်ထဲမှာ ကျွန်တော်ရှေ့မှာ ပြန်ကြားခဲ့တဲ့ ပြန်ကြားချက် တွေထဲက နားလည်မှု \လွဲမှားတဲ့ အချက်တွေကို ထောက်ပြပေးထားတဲ့ အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားပါရစေ။ ကျွန်တော် ရေးသား တင်ပြ သွားတာတွေကို ပညာရှင် ပီသတယ်လို့ ကိုရဲရင့်သစ္စာ ချီးမွှမ်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ ကိုရဲရင့်သစ္စာလိုမျိုး ကျမ်းတစ်စောင်၊ စာတမ်းတစ်ခုတလေမှ မပြုစုဖူးသေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် မခံယူဝံ့ ပါဘူး။ ကိုရဲရင့်သစ္စာက ကိုယ့်ကိုယ်ကို လေ့လာဆည်းပူးဆဲ လူတစ်ယောက်အဖြစ် နှိမ့်ချ ပြောဆိုသွားတာ တွေ့ရတော့ တကယ်ပဲ ရင်ထဲက လှိုက်လှဲစွာ လေးစားမိပါတယ်။
ကိုရဲရင့်သစ္စာလို ပုဂ္ဂိုလ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင်
ကျွန်တော်ဟာ လေ့လာဆည်းပူးဆဲ လူတစ်ယောက်တောင် မဟုတ်ပဲ လေ့ လာဆည်းပူးခါစ လူတစ်ယောက်သာ ဖြစ်ပါတယ်။ နောက်ပြီး ပညာရှင်အသိုင်းအ၀န်းရဲ့ အပြင်က သာမန်လူ တစ်ယောက် သာ ဖြစ်ပါတယ်။ မှတ်သားဖူးတဲ့ ဗဟုသုတ အနည်းအကျဉ်းနဲ့ ဆွေးနွေးနေတဲ့ လူတစ်ယောက်ဖြစ်လို့ ကိုရဲရင့်သစ္စာလိုမျိုး သမိုင်းတွေကို အသံမြည်အောင် ရေးသားဖို့ ကျွန်တော့်မှာ အခက်အခဲ၊ အကန့်အသတ်တွေရှိနေတာကို ၀န်ခံလိုပါတယ်။ နောက်တစ်ချက်က အလုပ်တစ်ဖက်နဲ့ မအားလပ်လို့ ရတဲ့ အားလပ်ချိန်လေးအတွင်းမှာ အလျင်စလို ပြန်ကြား ရတာကို နားလည် ခွင့်လွှတ် ပေးစေချင်ပါတယ်။
 ခုကျွန်တော်တို့ ဆွေးနွေးနေတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) ကိစ္စမှာ ကိုရဲရင့်သစ္စာပြောသွားသလိုပဲ ကျွန်တော်တို့ နှစ်ယောက် စလုံး သဘော တူညီမှု မရနိုင်သေးတဲ့ အချက်က ဒီဘင်္ဂလီတွေ ရခိုင်မှာ အခြေချ နေထိုင်ခြင်းဆိုတဲ့ အကြောင်းပါပဲ။ ဒီနေရာမှာ ကျွန်တော် အရင်ပြန်ကြားခဲ့တဲ့ စာတွေထဲက ရေးသားချက်တွေဟာ တင်ပြပုံအားနည်းလို့ ကိုရဲရင့်သစ္စာ နားလည်မှု လွဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြန်ကြားချက်-၂ မှာ ကျွန်တော်ရေးခဲ့တဲ့ စာတစ်ကြောင်းကို ကိုရဲရင့်သစ္စာ မျက်စိလျှမ်းသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်ရေးခဲ့တာက-
 ခုကျွန်တော်ပြောသွားသမျှအချက်တွေဟာ မြောက်ဦးခေတ်မှာ ရခိုင်ပြည်မှာ အခြေချခဲ့တဲ့ ဘင်္ဂလီ၊ အာရပ်၊ ပထန်၊ မဂိုနဲ့ ပေါ်တူဂီစတဲ့ နိုင်ငံခြားသားတွေအကြောင်း မဟုတ်ပါဘူး။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေ အကြောင်းပဲ ဖြစ်ပါတယ်။ မြောက်ဦးခေတ်မှာအခြေချနေထိုင်ခဲ့တဲ့ မူဆလင်ဦးရေဟာ ရခိုင်ဦးရေနဲ့ယှဉ်ရင် အရမ်းနည်း ပါးပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ကျန်တဲ့လူနေမှုပုံစံ၊ စိတ်နေသဘောထား စရိုက် သဘာဝတွေဟာ ရခိုင်လူနေမှုစနစ်မှာ စိမ့်ဝင်ရောနှောသွားခဲ့ပါတယ်။
 အဲဒီစာအရ ကျွန်တော်ဟာ ရခိုင်မှာ ဘင်္ဂလီ လူမျိုးတွေဟာ အရင်ကတည်းက လုံးဝအခြေချနေထိုင်ခဲ့ခြင်း လုံးဝမရှိပါဘူးလို့ ယတိပြတ်ငြင်းပယ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက အလုံးအရင်းပြောင်းရွေ့အခြေချမှု ပုံစံကိုအဓိကထား ပြောချင်တာပါ။ ကျွန်တော်လေ့လာမိသလောက်ကတော့ ဘင်္ဂလီတွေ အစုလိုက်အပြုံလိုက် ပြောင်းရွေ့အခြေချမှုဟာ အ ချိန်ကာလအားဖြင့် သုံးကြိမ်ရှိပါတယ်။ ပထမတစ်ခုက မြောက်ဦးခေတ်မှာ စစ်သုံးပန့်(သို့) ကျွန်အရောင်းအ၀ယ်အနေနဲ့ ရောက်ရှိလာတာပါ။ နောက်တစ်ခုက ကိုလိုနီခေတ်မှာ ကူလီအနေနဲ့ ၀င်ရောက်လာတာဖြစ်ပါတယ်။ ရှေးခေတ် လမ်းပန်း ဆက်သွယ်ရေး အနေအထားအရ ဘင်္ဂလားကနေ ရခိုင်ပြည်ထဲက အလုံးအရင်း ပြောင်းရွေ့အခြေချဖို့ဆိုတာ အဲဒီခေတ် အုပ်ချုပ်သူဘုရင် ဒါမှမဟုတ် အာဏာပိုင်ရဲ့အစီအစဉ်နဲ့ပဲ လုပ်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါတယ်။
အဲဒီလိုပဲ ကိုလိုနီ ခေတ် လယ်မှာလည်း ရခိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်စိုက်ပျိုးရေး စီမံကိန်းတွေအတွက် ဗြိတိသျှအစိုးရ အစီအစဉ်နဲ့ အလုံးအရင်းပြောင်းရွေ့လာခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ကြိမ်ကတော့ လွတ်လပ် ရေးမရခင် ဗြိတိသျှတွေ မြန်မာပြည်ကို အိန္ဒိယကနေ ပြန်လည်ဝင်ရောက်လာတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေကို ခိုးဝင်လာတယ်လို့ ပြောလို့မရပေမယ့် ပြောင်းရွေ့ အခြေချလာသူတွေ ဖြစ်တဲ့အတွက် ရိုဟင်ဂျာသမိုင်းဆရာတွေ ပြောနေသလို ဒီဒေသရဲ့ ဌာနေမျိုးနွယ်စု မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်ထဲမှာလည်း ရခိုင်ပြည်နယ်က ဘင်္ဂလီတွေဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ နာမည်ပေးထားကြောင်း အမှန်အတိုင်း ဖော်ပြသွားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် နားလည်မှုကပ်လွဲနေတဲ့ အချက်က ကျွန်တော်က ခုနိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂလီတွေဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ပြောင်းရွေ့ဝင်လာရောက်လာသူတွေနဲ့ ပါလီမန်ခေတ်မှာ ခိုးဝင်အခြေချလာသူလို့ဆိုထားပြီး ကို ရဲရင့်သစ္စာက ရှေးဘုရင်ခေတ်ကတည်းက အလုံးအရင်းနဲ့ ပြောင်းရွေ့အခြေချလာသူတွေဟာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂ လီတွေထဲမှာ အများစုပါဝင်နေတယ်လို့ သုံးသပ်ပြောဆိုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုး တိုက်ရိုက်ရေး သားထား တာမျိုး မတွေ့ရပေမယ့် ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ဒီလိုပဲနားလည်မိပါတယ်။ ကျွန်တော် မှားကောင်းမှားနိုင်ပါတယ်။ ဒါကလည်း ကိုရဲရင့်သစ္စာ ကိုးကားတင်ပြထားတဲ့ ဒေါက်တာ Suniti Bushan Qanungo ပြုစုခဲ့တဲ့ A History of Chittagong Volume (1), စာမျက်နှာ ၂၉၁ မှာ-
"ရခိုင်မှာ ရှိတဲ့ မွတ်စလင် လူဦးရေ ကို အကြမ်းဖြင်းအားဖြင့် အုပ်စု လေးခုခွဲခြားနိုင်ပါတယ်။ အဲဒါတွေ က တော့ ဘင်္ဂါလီ၊ အခြားအိန္ဒိယအနွယ်၊ အာဖရိက အာရှ အနွယ် နဲ့ native ဌာနေ မွတ်စလင် တို့ဖြစ်ကြပါတယ်။ အဲဒီ မွတ်စလင်အုပ်စု လေးခု ထဲမှာ ဘင်္ဂါလီ မွတ်စလင်တွေက အကြီးဆုံးအုပ်စုဖြစ်ပါတယ်။ ဘင်္ဂလားအောက်ဖက် ကနေဝင်ရောက်လာတဲ့ မွတ်စလင် သုံ့ပန်းတွေဟာ ရခိုင်ဘုရင့်နိုင်ငံမှာ  ဘင်္ဂါလီမွတ်စလင် အရေအတွက်တိုးပွါးခြင်း ကို များစွာ အထောက် အကူဖြစ်စေခဲ့ပါတယ်။"
 ဒီတင်ပြချက်အရ ဘင်္ဂလီတွေဟာ နဂိုကတည်းက ဒါမှမဟုတ် ရခိုင့်ဘုရင့်နိုင်ငံအဆက်ဆက်မှာ ပြောင်းရွေ့အခြေချ လာ သူတွေဖြစ်ပြီး အဲဒီအရေအတွက်ဟာ စစ်သုံးပန့်တွေကြောင့် ပိုမိုတိုးပွားလာခဲ့တယ်လို့ ကိုရဲရင့်သစ္စာ လက်ခံထားကြောင်း ခြုံငုံသုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုရဲရင့်သစ္စာပြောထားတဲ့ Settlement တွေမရှိပဲ ကိုလိုနီခေတ် မှသာ ဘင်္ဂလီတွေအလုံးအရင်းနဲ့ ၀င်ရောက်လာတယ်ဆိုတာ Logically အရပဲဖြစ်ဖြစ် Historically အရပဲဖြစ်ဖြစ် ဘယ်လို မှ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့ အချက်ဟာလည်း ဒီသုံးသပ်ချက်ကို ပိုပြီး ခိုင်မာစေပါတယ်။ အဲဒီကိုးကားချက်နဲ့ ပတ်သက် ပြီး မြောက်ဦးခေတ် ရခိုင်ပြည်ထဲကို ဘင်္ဂလီတွေ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်လာတယ်၊ အဲဒီဘင်္ဂလီတွေဟာ ခုချိန်မှာ ဘယ်နေရာမှာ ဘယ်လိုနေထိုင်နေကြတယ်ဆိုတဲ့ အထောက်အထားတစ်ခု ပေးချင်ပါတယ်။
 သမိုင်းပညာရှင် ဦးခင်မောင်စော-ဘာလင်ရဲ့ လန်ဒန်မှာဖတ်ကြားခဲ့တဲ့ Religions Of Arakan ဆိုတဲ့စာတမ်းမှာ မြောက်ဦး ခေတ် မင်းဗာဘုရင်လက်ထက် သက္ကရာဇ်၁၅၃၃ခုနှစ်မှာ စစ်တကောင်းကို ပြန်လည် သိမ်းပိုက်ရာကနေ ဖမ်းဆီးမိတဲ့ ဘင်္ဂ လီစစ်သုံးပန့်တွေကို သံတွဲမြို့ကို ဘုရားကျွန်အဖြစ် ခေါ်ယူလာတဲ့ အကြောင်း တင်ပြထားတာ တွေ့ရပါတယ်။
 အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စာတမ်းရေးသားသူက Tydd,W.D,Burma Gazetteer,Sandoway District, Vol.A,Rangoon,1962 ကို ကိုးကားထားပါတယ်။ အခု သံတွဲခရိုင်မှာ ထင်ရှားတဲ့ ဆံတော်၊အံတော်၊နံတော် စေတီတော် တွေဟာ အဲဒီဘင်္ဂလီဘုရားကျွန်တွေရဲ့ လုပ်အားနဲ့ တည်ဆောက်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဘုရားကျွန်ဆို ကတည်းက သူတို့ဟာ ရခိုင်ပြည်မှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိခဲ့တဲ့ တရားဝင်နိုင်ငံသား မဟုတ်တာ သေ ချာပါတယ်။ ၁၅၆၄ခုနှစ်မှာဖြစ်ပွားတဲ့ သံတွဲမြို့စားရဲ့ မြောက်ဦးထီးနန်းကို ပုန်ကန်ထကြွမှုမှာ အဲဒီဘုရားကျွန် ဘင်္ဂလီ တွေဟာ ပုန်ကန် သူဖက်က ပါဝင်ခဲ့တဲ့အတွက် အဲဒီအရေးအခင်း အရေးနိမ့်သွားတဲ့အခါ မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့ပြီး ဘုရားကျွန် လေး ထောင်လောက်ဟာ အထက်မြန်မာပြည် အင်းဝဘုရင်ဆီကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အဲဒီဘင်္ဂလီတွေကို အင်းဝဘု ရင် က ကောင်းမွန်စွာလက်ခံပြီးတော့ သူတို့ကို ဘုရားကျွန်အဖြစ်မှ ကင်းလွတ်ကြောင်း ကြေငြာပြီး မြေဒူးဆိုတဲ့အရပ်မှာ နေရာ ချထားပေးခဲ့ပါတယ်။ အဲဒီမူဆလင်တွေကို မြေဒူးမူဆလင်လို့ ခေါ်ကြပါတယ်။ အဲဒီအချက်ကိုကြည့်ပြီး လက်ရှိမြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘိုးစဉ် ဘောင်ဆက် အခြေချနေထိုင်နေကြတဲ့ မူဆလင်တွေဟာ မြေဒူးမူဆလင်တွေ ဖြစ်မယ်ထင်ပါတယ်။ အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာဘုရင်အဆက်ဆက်ဆီမှာ သစ္စာရှိစွာ အမှုထမ်းခဲ့တယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါ တယ်။
အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာပြည်အထက်ပိုင်းမှာ နှစ်ပေါင်း၁၅၀လောက် အခြေချခဲ့ပြီး အချို့ဟာ ဘိုးတော်မောင်ဝိုင်းရဲ့ ရခိုင်ကျူးကျော်စစ်ပွဲကာလမှာ သံတွဲစစ်မျက်နှာကနေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ရခိုင်ပြည်ကို သိမ်းပိုက်ပြီးတဲ့အချိန် မှာ ဗမာပြည်မကိုမပြန်တော့ပဲ သံတွဲမှာပဲ ပြန်လည်အခြေချနေထိုင်ခဲ့ကြပါတယ်။ အဲဒါကြောင့် ခုသံတွဲမှာရှိတဲ့ မြန်မာနိုင်ငံ သား မြေဒူးမူဆလင်တွေဟာ ခုရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေလို ဘင်္ဂလီစကား၊ရခိုင်စကားမပြောပဲ အညာသံဗမာစကားကို ပြောကြတယ်လို့ စာတမ်းမှာဆိုထားပါတယ်။
ဒီဘင်္ဂလီအနွယ် မြေဒူးမူဆလင်တွေဟာ မြန်မာလူနေမှုစရိုက်မှာ နှစ်ပေါင်း များစွာ ရောနှောစိမ့်ဝင်လာခဲ့တဲ့အတွက် ဘာ သာကိုးကွယ် ယုံကြည်မှုကလွဲရင် မြန်မာစကားကိုပဲ ပြောဆိုပြီး ကျန်တဲ့လူနေမှုစရိုက်တွေ အကုန်လုံးနီးပါးဟာ မြန်မာတွေ နဲ့ ထပ်တူညီကြပါတယ်။ ကမန်မူဆလင်တွေလိုပဲ သူတို့ဟာ သူတို့နေထိုင်ရာ ဒေသတွင်းက မြန်မာဗုဒ္ဓဘာသာတွေနဲ့ ပဋိ ပက္ခတစ်စုံတရာ မဖြစ်ပဲ၁၉၃၈ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမတိုင်ခင်ထိ ငြိမ်းချမ်းစွာအတူနေထိုင်ခဲ့ကြတယ်လို့ စာတမ်း မှာ ဖော်ပြထားပါတယ်။ အဲဒီတော့ခါ ကိုရဲရင့်သစ္စာပြောတဲ့ settlement တွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ထင်ရှားသွား ပြီ လို့ ယူဆပါတယ်။ ယခင်ကအခြေချနေထိုင်မှု လုံးဝမရှိဘူးလို့ ကျွန်တော်မငြင်းခဲ့သလို အဲဒီအခြေချနေထိုင်သူတွေနဲ့ ကိုလို နီခေတ်မှာ အလုံးအရင်းဝင်ရောက်လာတဲ့ ဘင်္ဂလီတွေ ဘယ်လိုကွာခြားသလဲဆိုတာ မြေဒူးမူဆလင်သမိုင်းက သက်သေ ပြနေပါတယ်။
 ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်တွေထဲမှာ ကျွန်တော်ရဲ့ပြန်ကြားချက်ထဲက အကြောင်းအရာတစ်ခုကို Logical evidence အနေနဲ့ ခုလိုပြောထားတာ တွေ့ပါတယ်။
လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေက လက်နက်မဲ့ ရခိုင်လူမျိုးတွေကို အဲဒီလို သာမျိုးတုန်းသတ်ဖြတ်ခဲ့မယ်ဆိုရင် ရခိုင်လူမျိုးတွေ မျိုးတုန်းသွားနိုင်ကြောင်း။
 ဒီနေရာမှာ ကိုရဲရင့်သစ္စာ မျက်စိအနည်းငယ် လျှမ်းသွားတယ်ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာက ဘာသာရေးခေါင်း စဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ် ကျွန်တော်ပြောခဲ့တာ ကြိုးစားခဲ့တယ် ပါ။ သတ်ဖြတ်ခဲ့တယ် မဟုတ်ပါ ဘူး။ တော်တော်ကွာခြားပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အခါ ရွာလုံးကျွတ်မီးရှို့တာတွေ ဖြစ်ပွားခဲ့မှာ အ သေအချာပါပဲ။ အဲဒီတော့ ရွာမှာရှိတဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေနဲ့ ဗလီဝတ်ကျောင်းတွေဟာ ဖျက်ဆီးခံရမှာ အ သေအချာပါပဲ။ ဒီဖြစ်ရပ်တွေကို ရခိုင်တွေက လူမျိုးရေးအဓိကရုဏ်းအဖြစ် သတ်မှတ်ပြီး ဘင်္ဂလီတွေက ဘာသာရေး အဓိ ကရုဏ်းအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။
ဘယ်ဗုဒ္ဓဘာသာမှ သတ်ဖြတ်နေတဲ့အချိန်မှာ သံဗုဒ္ဓေကို ရွတ်ဆိုမှာမဟုတ် ပါ ဘူး။ ဒါပေမယ့် ဘင်္ဂလီတွေကတော့ ဖမ်းမိ လာတဲ့ ရခိုင်တွေကို လည်လှီးသတ်ဖြတ်မယ့်အချိန်မှာ ဘုရားစာတွေကို ရွတ်ဆိုကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒါတွေ ဟာ ပါးစပ်ရာဇ၀င်တွေ သတ်မှတ်လို့ရပေမယ့် အဓိကရုဏ်းနောက်ဆက်တွဲ ရလာဒ်တွေကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရခိုင်တွေဟာ ဘင်္ဂလီတွေရဲ့ စီးနင်းသတ်ဖြတ်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရပြီး အဲဒေသက ရခိုင် ရွာတွေဟာ ဘင်္ဂလီရွာတွေဖြစ်လာတာကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကိုလိုနီခေတ် ၁၉၂၁ခုနှစ်က နေ မဆလခေတ် ၁၉၈၆ခုနှစ်အတွင်း မောင်တောမြို့နယ်တွင်းက ဘင်္ဂလီနဲ့ ရခိုင် လူဦးရေ စစ်တမ်းကို ပြန်ကြည့်ရ အောင် ပါ။

No comments:

Post a Comment