ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှဖမ်းဆီးသွားသော တပ်ဖွဲ့ဝင်တစ်ဦးအပေါ် ဗဟိုမှလုပ်ဆောင်နေမှုအား KIA အရာရှိတစ်ဦးမှပေးပို့ချက်

          ဒီနေ့မနက် လိုင်ဇာမြို့မှာရှိတဲ့ KIA အရာရှိတစ်ဦးမှ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှ အစိုးရကဖမ်းမိသွားတဲ့ တပ်ကြပ်ကြီး လထော်ဘရန်ရှောင်အား အသုံးချ၍ နိုင်ငံရေးနဲ့စစ်ရေးအမြတ်ထုတ်အောင် လုပ်ဆောင်နေမှုများကို ပေးပို့ခဲ့ပါတယ်။ တပ်ကြပ်ကြီး လထော်ဘရန်ရှောင် ဟာKIA တပ်ဖွဲ့အပေါ်မှာ သစ္စာရှိပြီး လိမ္မာပါးနပ်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ တရုတ်စကားနဲ့ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး လူမှုဆက်ဆံရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူ့ကို အရေးကြီးတဲ့ တရုတ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းလုပ်ငန်းများနဲ့ တခြားသော အရေးကြီး လုပ်ငန်းတွေကို ဗဟိုမှတိုက်ရိုက် စေခိုင်းခံရသူလဲဖြစ်ပါတယ်။ KIA နဲ့ အစိုးရတပ်တို့ စစ်ပွဲဖြစ်ပွားတဲ့အချိန်မှာ မြစ်ကြီးနားမြို့မှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်တဲ့အချိန်မှာ ဗဟိုမှ လထော်ဘရန်ရှောင်အား ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ်နေပြီး အစိုးရတပ်တွေနဲ့ အစိုးရအဖွဲ့တွေရဲ့ သတင်းတွေကို ထောက်လှမ်းခိုင်းဖို့ စေခိုင်းခံရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ KIA အဖွဲ့ဝင်တွေရဲ့ မိုင်းဖောက်ခွဲမှု အောင်မြင်မှုရှိမရှိကိုလည်း ဗဟိုဌာနချုပ်ကို သတင်းပေးပို့ရတဲ့ အလုပ်ကိုလဲလုပ်ကိုင်နေတဲ့သူ ဖြစ်ပါတယ်။

       တပ်ကြပ်ကြီး လထော်ဘရန်ရှောင်ကို ပြီးခဲ့တဲ့လ ၁၇ ရက်နေ့မှာ အဲဒီဒုက္ခသည်စခန်းမှာ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဗဟိုက ၎င်းကိစ္စနဲ့ပတ်သတ်ပြီး ခရစ်ယာန် သင်းအုပ်ဆရာတွေကို စာပို့ပြီး ဆန္ဒပြခိုင်းပြီး တဖက်မှလည်း မီဒီယာနဲ့ KIA တပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သား တစ်ဦးပုံစံမျိုးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ တပ်ကြပ်ကြီး လထော်ဘရန်ရှောင်ဟာ ၂၀၀၄ ခုနှစ်ကတည်းက KIA အဖွဲ့ အတွင်းသို့ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏လုပ်ငန်းဆောင်ရွက်မှုကောင်းမွန်ခြင်း၊ ပါနပ်ခြင်းတို့ကြောင့် တပ်ကြပ်ကြီးအဆင့်သို့ အလျှင်အမြန် ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်အမှတ်မှာ A- ၁၈၅၅၅ ဖြစ် ပါတယ်။
          KIA ဗဟိုက မြစ်ကြီးနားရှိခရစ်ယာန် သင်းအုပ်ဆရာ လဖိုင်ဂျာနော်အား စာဖြင့် တပ်ကြပ်ကြီး လထော်ဘရန်ရှောင် ကိစ္စကို ဆန္ဒပြရန်ညွှန်ကြားခဲ့သလို့ တဖက်မှလည်း ပြည်တွင်းပြည်ပမှ အမြင်မှားအောင် မီဒီယာနဲံ လုပ်ဆောင်ခဲ့ပါတယ်။ ဒုက္ခသည်များနဲ့ မြစ်ကြီးနားမှ ကချင်လူမျိုးများက ဆန္ဒပြအောင် အမျိုးမျိုး လုပ်ဆောင်ခိုင်းနေပါတယ်။ KIA အဖွဲ့တွေရဲ့ မိုင်းခွဲ မိုင်းထောင်ကိစ္စကို ကချင်ဒေသခံအမြင်မကြည်မှုကို ဖြေဖျောက် နိုင်အောင် အစိုးရက ကချင်လူမျိုးတွေကို နှိပ်စက်တာဖြစ်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
          ဇွန်လ ၂ရက်နေ့ကတည်းက KIC ဒုဥက္ကဌ ဦးအင်ဘန်လမှ ဦးဒွဲပီဆာအား လိုင်ဇာမြို့ရှိ ရှိန်ရှင်းဟိုတယ်တွင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ဆန္ဒပြရန်အတွက်စည်းရုံးဖို့ညွှန်ကြားခဲ့ပါတယ်။ အဲဒီလိုဆန္ဒပြစေရန်အတွက် ဒုက္ခသည်စခန်းများတွင် KIA တပ်ဖွဲ့ ၅ဦး ခန့်စီအား ဒုက္ခသည်စခန်းများသို့ ဒုက္ခသည်အယောင်ဆောင်များ စေလွှတ်ရန်လည်း ညွှန်ကြားခဲ့ပါတယ်။ အဲဒီလို ဆန္ဒပြစေရန်လှုပ်ဆော်ဖို့လူမလွှတ်ခင်ကတည်းကလည်း အစိုးရတပ် သတင်းများကိုယူရန် KIA တပ်ဖွဲ့ဝင်အများအပြားအား ဒုက္ခသည်စခန်းတွေမှာ စေလွှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုချင်ပြီးအမှန်တကယ်ဖြစ်ရပ်မှန်ကို ပြည်သူတွေချပြနိုင်စေရန်အတွက် သတင်းများကို ပေးပို့ပေးသွားမှာဖြစ်ပါတယ်လို့ email ဖြင့် KDN သတင်းဌာနသို့ပေးပို့တဲ့မူရင်းအတိုင်းတင်ပြလိုက်ပါတယ်။

No comments:

Post a Comment