ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး


 အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့သူ့ရဲ့ဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်ဥရောပခရီးစဉ်ကပြန်လာပြီး နောက်ပိုင်းဒုက္ခရောက်နေတဲ့ရခိုင်ပြည်သူတွေကိုတော့
 တွေ့ဆုံအားပေးစကားပြောဖို့သွားရောက်ခြင်းမရှိခဲ့ပါဘူး။လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေ
ပေမယ့်အနုပညာရှင်တစ်ယောက်လောက်တောင်မှ နှစ်သိမ်မှု မပေးနိုင်ခဲ့ပါဘူး။

၂၀၁၂ခုနှစ်ဇူလိုင်လ၅ရက်က ကောမှူးမြို့ အောင်ဇမ္ဗူပရဟိတကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
 ဒေသခံပြည်သူတို့ တွေ့ဆုံဆွေးနွေးနေတဲ့ပုံပါရခိုင်ပြည်သူတွေနှင့်လည်း တွေ့ဆုံအားပေးစကားပြော
စေချင်ပါတယ်။ကောမှူးမြို့က အောင်ဇမ္ဗူပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစု
ကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေတင်ပြလာတဲ့အခက်အခဲတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။
ဥရောပခရီးစဉ်ကြောင့်မိမိရွေးကောက်ပွဲနယ်မြေ ကော့မှုးမြို့နယ်ရဲ့အခြေအနေကို မသိရလို့ လွတ်တော်တက်တဲ့အခါ ဘာတွေတင်ပြရမယ်တင်ပြဖို့လိုနေတယ်ဆိုတာကိုမသိရသေးတဲ့အတွက် လွတ်တော်မတက်သေးဘဲ ခွင့်ယူပြီး ကော့မှုးမြို့နယ်ကိုအရင်သွားပြီး ပြည်သူတွေနှင့်တွေ့ရတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။
  နေ့လည် "၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေအကုန် တင်ပြကြပါတယ်။ ဒေါ်စုကတော့ လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး၊ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေကိုလည်း အလှူငွေတွေ လှူဖို့တော့စိတ်ကူးရှိတယ်လို့ သိရပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။

No comments:

Post a Comment