ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

တရုတ်နိုင်ငံသို့တရားမ၀င်ခိုးဝင်သူများအား ထောင်ဒဏ်ချမှတ်လျက်ရှိ

          တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ၊ လားရင်းရွာတွင် တရုတ်နယ်ခြားစောင့်တပ်နဲ့  လားရင်းရွာက တရုတ်ရဲ တွေက နယ်စပ်မှာ လှည့်ကင်း၊ ပတ်ကင်းတွေကို ပိုမိုပြုလုပ်နေပါတယ်။ KIA နဲ့ အစိုးရတပ်တို့ စတင် တိုက်ပွဲဖြစ် ကတည်းက တရုတ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ချထားတာဖြစ်ပါတယ်။ မြန်မာဘက်ကလာတဲ့ယာဉ်နဲ့ လူအ၀င် အထွက်ကို သေခြာစစ်ဆေးနေပြီး၊ တရားမ၀င်လမ်းကြောင်းမှဝင်ရောက်လာတဲ့သူတွေကို တရုတ်ယွမ်ငွေ ၃၀၀၀ မှ ၆၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၃နှစ်မှ ၅နှစ် အထိချမှတ်အရေးယူနေတယ်လို့သိရပါတယ်။ ဒီနှစ် ဇွန်လအတွင်းမှဘဲ တရုတ်နိုင်သို့တရားမ၀င်ခိုးဝင်လာသူ ၆၅ ယောက်ခန့်ကို အရေးယူထားတယ်လို့သိရပါတယ်။

         KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကတော့ အချိန်မရွေးဝင်ထွက်သွားလာနိုင်ပါတယ်။ ကျန်တဲ့ ဒေသခံလူတွေနဲ့ ကုန်သည်တွေကတော့ တရုတ်ဘက်ကိုသွားလာရတာအဆင်မပြေပါဘူး။ အခုအချိန်မှာ တရုတ်ဘက်မှာ လုံခြုံရေးကိုပိုမိုတိုးမြှင့်ချထားတယ်လို့သိရပါတယ်။ KIA ခေါင်းဆောင်တွေကတော့ တရုတ်ဘက် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ဒုက္ခသည်တွေကို KIA ရဲ့ဒုက္ခသည်စခန်းမှာသာထားပြီး နိုင်ငံတကာမှာ အကြောင်း အမျိုးမျိုး ပြပြီး ပိုက်ဆံတောင်းနေတာပါလို့ လိုင်ဇာမြို့ခံတစ်ဦးက KDN ကို Email ဖြင့် သတင်းပေးပို့ခဲ့ပါတယ်။ 

No comments:

Post a Comment