ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

အမေရိကန်နိုင်ငံတွင် မီးရှူးမီးပန်းဖောက်ရာမှ မီးလောင်မှုဖြစ်



From: popular

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားပြည်နယ်တွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးဒဏ်ရာရရှိသွားကြောင်း AP သတင်းက ပြောကြားသည်။

ရဲတပ်ဖွဲ့၏အဆိုအရ အင်္ဂါနေ့ညပိုင်းတွင် လူဦးရေ ၁၃,၀၀၀ ခန့် နေထိုင်ကြသည့် Pelham မြို့ရှိ နေအိမ်တစ်အိမ်အတွင်းနှင့် ၎င်းနေအိမ်ပတ်ဝန်းကျင်တွင် မီရှူးမီးပန်း အများအပြား ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ကနဦးသတင်းများအရ မီးရှူးမီးပန်းများကြောင့် နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာရရှိသူ ၉ ဦးတွင် ကလေးငယ်များနှင့် လူကြီးများပါဝင်ပြီး ၎င်းတို့အနက် ကလေးနှစ်ဦးကို ဘော်စတွန်ဆေးရုံသို့ တင်ပို့လိုက်ရသည်။ ယခုအခါ ဇူလိုင် ၄ ရက်တွင် ကျရောက်မည့် အမေရိကန်လွတ်လပ်ရေးနေ့တွင် မီးရှူးမီးပန်များ ပစ်ဖောက်မည့် အစီအစဉ်ကို ပြည်နယ်အများအပြားတွင် ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment