ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

KIA မှဒုစစ်ဦးချုပ် နဲ့ အစိုးရတပ်မှ ဒုစစ်ဦးချုပ်တို့ ၂ဦးတွေ့ဆုံမည်


          အစိုးရ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာ နေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားတယ် လို့  သိရသည်။ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ် တို့ကို အဆိုပြုထားပြီး ဒီလ ၉ ရက်နေ့ နောက်ပိုင်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုး ဆောင် ဦးဆန်းအောင်က ပြောသည်။ အစိုးရဘက်က ဗန်းမော်မြို့နယ်တွင် တွေ့ဆုံဆွေးနွေးရန် ဒီလ ဆန်းပိုင်းက ကမ်းလှမ်းခဲ့သော်လည်း စစ်ရေး တင်းမာနေချိန် အတွင်း ထိုနေရာများ၌ တွေ့ဆုံ ဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ဘက်က ပြန်လည် အကြောင်းကြားခဲ့ သည်ဟုလည်း ၎င်းက ဆိုပါတယ်။ နှစ်ဘက် တွေ့ဆုံဆွေးနွေးအတွက် ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် အစိုးရဘက်က ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ကြိုတင် ညှိနှိုင်း၍ ယမန်နေ့က စစ်ဘက်ဆိုင်ရာ နှစ်ဘက် ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

        “နှစ်ဘက်တပ်တွေ ဖယ်ရှား ပေးရမယ့် ကဏ္ဍတွေ၊ နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ အစိုးရဘက်က တိုးချဲ့ ထားတဲ့ တပ်မတွေ ပြန်ရုပ်ဖို့ အဲဒီကိစ္စတွေကို အသေးစိတ် ဆွေးနွေးကြမယ်”ဟု ဦးဆန်းအောင်က ဆက်ပြောခဲ့ပါတယ်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် KIA ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပါတယ်။ KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ပါတယ်။ ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၁၂  ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ ဒါကြောင့် နှစ်ဖက်စစ်ခေါင်းတွေအချင်းချင်း တွေ့ပြီး တွေ့ဆုံဆွေးနွေးကြမယ်လို့ ၎င်းက KDN ကိုပြောခဲ့ပါတယ်။

No comments:

Post a Comment