ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တွေ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီအဖွဲ့နှင့် ပါတီ ကိုယ်စားပြု ပြည်နယ်၊ တိုင်းဒေသကြီးများမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး အစည်းအဝေး ခန်းမကြီး၌ ကျင်းပရာသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဉ်

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လာသော ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်ဝင်း၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစံသိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း တို့က အကြံပြုဆွေးနွေး တင်ပြကြသည်။
တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ
၎င်းနောက် ပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ တင်ပြချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ညနေပိုင်း ၄ နာရီ ၁၀ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

No comments:

Post a Comment