ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

အများပြည်သူများအားလုံးနှင့် သက်ဆိုင်သည့် အများပိုင်စားသုံးဆီကုမ္ပဏီ ပေါ်ထွက်လာတော့မည်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အများပိုင်စားသုံးဆီ ကုမ္ပဏီတစ်ခု တည်ထောင်သွားရန်ရှိကြောင်း အဆိုပါအသင်းမှ သတင်းရရှိသည်။ “အသင်းဝင်တွေရဲ့ ဆန္ဒအရ မကြာခင်မှာဘဲ သက်ဆိုင်ရာကို တင်ပြပြီး အများပိုင်စားသုံးဆီ ကုမ္ပဏီအဖြစ် တည်ထောင်သွားမှာ ဖြစ်ပါတယ်။ စားသုံးဆီနဲ့ ပတ်သက်တဲ့ စီးပွားရေးတွေကို ပိုပြီးတွင်ကျယ်လာဖို့နဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး စနစ်တကျ ဆောင်ရွက်နိုင်အောင် အခုလို စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ပြီးသွားပြီဆိုပါက ဆီထွက်သီးနှံကုန်ကြမ်းများ အရည်အသွေး ပြည့်မီလာစေရန် ဆောင်ရွက်ခြင်းမှ အစပြုကာ နိုင်ငံတကာစံချိန်စံညွှန်းများဖြင့် အဆင့်မီဆီစက်များ ပေါ်ထွက်လာစေရေး၊ ဆီသိုလှောင်ကန်များ၊ ဆီများသယ်ယူပို့ဆောင်ရေးအတွက် ဆိပ်ခံတံတားများ၊ ကုန်ချောထွက်ရှိလာသည့် ဆီကောင်းဆီသန့်များ၏ အရည်အသွေး ခိုင်မာတိကျမှုများ၊ ဘေးထွက်ပစ္စည်းများဖြစ်သည့် အလှဆီ၊ ဆပ်ပြာဆီများနှင့် အခြားတိရစ္ဆာန်များ အစားအစာ ထွက်ရှိထုတ်လုပ်မှုများ စသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရှိရသည်။ “ကုမ္ပဏီက အစအဆုံး ရာနှုန်းပြည့်အနေနဲ့ဖြစ်စေ၊ အခြားပြည်တွင်းပြည်ပ အကျိုးတူပူးပေါင်း ဆောင်ရွက်ကြမယ့် သူတွေကိုဖြစ်စေ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ပါတယ်။ အခုအချိန်မှာတော့ အစုရှယ်ယာတွေကို တစ်စုကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ စတင်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီကို မတည်ရင်းနှီးငွေအနေနဲ့ကတော့ ဘီလျံကျပ် ၁၀၀၀ သတ်မှတ်ထားပါတယ်” ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment