ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ဒုက္ခသည်စခန်းမှဒုက္ခသည်များ ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိ



ဇူလိုင် ၅ရက်
          KIA နဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေကြရသော စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရပါတယ်။ ယင်း ဒုက္ခသည် စခန်းများသည် KIO ၏ ထိန်းချုပ်မှု အောက်ရှိ စခန်း များ ဖြစ်နေကြ ပါတယ်။ ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားမှုမှာ မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့် နှင့် ဂျေယန့် စခန်းများတွင် အဓိက ဖြစ်ပွားနေပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသော ဂျေယန့် စခန်းတွင် ၆၀ ရာခိုင်နှုန်းကျော် ဖြစ်နေပြီး၊ အများစုမှာ အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ်အိုများ ဖြစ်ကြပါတယ်။ တချို့ ဒုက္ခသည် စခန်းတွင် လည်း ဖြစ်ပွားနေကြတယ်လို့ ကြားသိရသည်ဟု ဒုက္ခသည်စခန်း ကော်မတီဝင်များက ဆိုပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် ၁၀၀၀၀ ခန့် အပါအ၀င် နယ်စပ် ဒုက္ခသည် စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခ သည် ၅၃၀၀၀ ကျော်အတွက် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေကြောင်း လည်း သိရပါတယ်။

     အစိုးရလက်အောက်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာတော့ ရောဂါဖြစ်ပွားမှုနည်းပါးကြတယ်။ အစိုးရလ လက်အောက်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ကူညီတဲ့သူတွေနဲ့ နောက်ပြီး ဆေးဝါးထောက်ပံ့မှုတွေနဲ့ ဒုက္ခရောက်တာချင်းအတူတူတောင်မှပြည့်စုံတယ်လို့ပြောရမှာဘဲ။ KIO ဘက်ကရှိတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေပေးပေမယ့် အပြည့်အ၀မရဘဲ တိုက်ပွဲဖြစ်တဲ့ဆီကိုဘဲရောက်နေတာ ပါတယ်။ ကျန်မာရေးထောက်ပံ့မှုတွေလဲ မလုံလောက်ဘူး ဒါကြောင့် ဒုက္ခသည်တွေအားလုံးက မိမိရပ်ရွာ ကိုမပြန်နိုင်သေးခင်မှာ ထောက်ပံ့မှုအကူအညီတွေပေးကြပါလို့ တောင်းဆိုနေကြသလို ငြိမ်းချမ်းရေးကိုလဲ လိုလားနေကြတယ်လို့ ဒုက္ခသည်ကိုလိုက်လံကူညီပေးနေတဲ့ အဖွဲ့ တစ်ဖွဲ့မှ KDN သို့ပြောပြခဲ့ပါတယ်။

No comments:

Post a Comment