ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစားထိုးပြောင်းလဲ



From : ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း၊ ကြေညာချက်အမှတ်(၃၃/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅ ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင် ၃ ရက်) တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၂-၄-၂၀၁၂ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂၂/၂၀၁၂) တွင် ဖော်ပြထားသည့် အောက်ပါတပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲလိုက်သည်။ ကြည်း ၁၆၄၁၃ ဗိုလ်မှူးချုပ်ဝင်းမြင့် (အစား) ကြည်း ၁၈၈၅၆ ဗိုလ်မှူးကြီး တင်စန်းနိုင်အား အစားထိုး ပြောင်းလဲလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment