ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

ပြင်သစ်တပ်ဖွဲ့များအာဖဂန်လုံခြုံရေးအား လွှဲပြောင်းပေးခြင်း

ပြင်သစ်စစ်ဘက်သည် အာဖဂန်၏ အဓိကကျသော ကက်ပီဆာပြည်နယ်ဆိုင်ရာ ကွပ်ကဲထိန်းချုပ်မှု အားအာဖဂန် တပ်ဖွဲ့များထံသို့ ဇူလိုင်လ ၄ ရက်နေ့တွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုသည် အာဖဂန်မှပြင်သစ်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး အတွက် အရေးကြီးသော အဆင့်တစ် ရပ်ဖြစ်ကြောင်း၊ ပြင်သစ်သမ္မတ ဖရန်ကိုစစ်ဟော်လန်ဒီသည် မူလက စီစဉ်ထားသည်ထက် တစ်နှစ်စော၍ ၂ဝ၁၂ ခုနှစ်အကုန်ပိုင်းအတွင်းပြင်သစ်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။နေတိုးအဖွဲ့၏ နိုင်ငံတကာ လုံခြုံရေး အထောက်အကူပြုတပ်ဖွဲ့သည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း အတွင်းတွင် ၎င်း၏တပ်ဖွဲ့ဝင် ၁၃ဝ,ဝဝဝ အား အာဖဂန် နစ္စတန်မှအပြီးသတ် ရုပ်သိမ်းရန် စီစဉ်ထားပါသည်။ ကက်ပီဆာပြည်နယ်သည် တာလီဘန်တို့၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသေပြင်သစ်တပ်ဖွဲ့ ဝင်များ လှုပ်ရှားရာ တည်ငြိမ်မှုမရှိသည့်ပြည်နယ်တစ်ခုဖြစ်ပါသည်။ အဆိုပါပြည်နယ်သည် ပါကစ္စတန်ရှိ ဥပဒေမဲ့ သောင်းကျန်းသူများ ပံျ့နှံ့လျက်ရှိသော မျိုးနွယ်စုဧရိယာများနှင့် နယ်နိမိတ်ချင်း နီးကပ်လျက်ရှိသည့် ကဘူးလ်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ကက်ပီဆာပြည်နယ်၌ ပြင်သစ်တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးခဲ့ပါသည်။

No comments:

Post a Comment