ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 06, 2012

သီတဂူဆရာတော် မှ ကချင်ပြည်နယ်သို့ ကွန်ပျူတာနဲ့ဆေးရုံးသုံးပစ္စည်းများပစ္စည်းလှူဒါန်း

          သီတဂူဆရာတော် ဒေါက်တာဦးဥာဏိဿရသည် မနေ့နေ့လည် ၁၁နာရီခွဲလောက်မှာ လေယာဉ်ဖြင့် မြစ်ကြီးနားသို့ရောက်ရှိလာခဲ့ပါပြီး ယုဇနရပ်ကွက်မှာရှိတဲ့ သိမဒ္ဓေါယသီလာရှင်းကျောင်းတွင် နေ့လည်ဆွမ်းဘုန်း ပေးပြီး  ဆမားဒူဝါဆင်ဝါးနော်ခန်းမ သို့သွားရောက်ပြီး ကချင်ပြည်နယ်အစိုးရအား ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ ကိုလှူဒါန်းခဲ့ပါတယ်။ အဲဒီလှူဒါန်းတဲ့နေရာသို့ ဦးဇင်ဝိုင်းတို့ ရုပ်ရှင်အစည်းအရုံးမှအဖွဲ့မှလည်းလာရောက်ခဲ့ကြ ပါတယ်။

      အဲဒီနောက် မြစ်ကြီးနား အောင်နန်းရပ်ကွက်မှာရှိတဲ့ အောင်နန်း (RC) ကျောင်းအတွက် အထရာဆောင်း၊ မျက်စိခွဲစက် အမ်တရာဆောင်းတို့အား လှူဒါန်းခဲ့ပြီး အဲဒီကျောင်းမှ ဖာသာ ဦးကောစာရမ် မှ လက်ခံခဲ့ပြီး ဆေးရုံသို့ လည်း Operation Microscope (၂)စုံအား  လှူဒါန်းခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးမှပေးပို့ခဲ့ပါတယ်။ 

No comments:

Post a Comment