ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

မြန်မာနိုင်ငံကို အလှူရှင်နိုင်ငံများ အကူအညီပိုပေးနိုင်ရေး အမေရိကန်အား ဖိအားပေးလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဒုဥက္ကဋ္ဌပြောကြား


From : ခေတ်လူငယ်မြန်မာနိုင်ငံအား အကူအညီများ ပိုပေးနိုင်ရေးအတွက် အလှူရှင်နိုင်ငံများက အမေရိကန်ပြည်ထောင်စုအပေါ် လာမည့်လများအတွင်း ဖိအားပို၍ ပေးလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သော စတီဖင်ဂရော့ဖ်က ပြောကြားသည်။ ပြီးခဲ့သော မေလအတွင်းက အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုများ လျှော့ချခဲ့သော်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဥပဒေအရ ADB နှင့် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းတို့အား မြန်မာနိုင်ငံသို့ အကူအညီပေးရေး ပိတ်ပင်တားဆီးသည့် အခြေအနေရှိကြောင်း သိရသည်။ ရှယ်ယာပါဝင်သူများအနေဖြင့် ယခုအချိန်အခါတွင် ပါဝင်ပတ်သက် လိုကြသော်လည်း အမေရိကန်မှ မကြာမီအတွင်း ပေါ်လစီမပြောင်းလဲလျှင် သည်းခံစိတ် လျော့နည်းလာကြမည် ဖြစ်ကြောင်း၊ ADB နှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများမှ ရှယ်ယာပါဝင်သူများအနေဖြင့် ထိုအဖွဲ့အစည်းများကို ရှေ့တိုး၍ လုပ်ဆောင်စေချင်ကြကြောင်း၊ မစ္စတာဂရော့ဖ်သည် မြန်မာနိုင်ငံမှအပြန် ဗန်ကောက်တွင် တစ်ထောက်ရပ်နားရင်း အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။ အမေရိကန် အစိုးရမှ ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ရသည်နှင့် မြန်မာနိုင်ငံသို့ ပြန်လာမည်ဟု ကိုကာကိုလာကုမ္ပဏီမှ ပြောဆိုထားပြီး Caterpillar Asia ဥက္ကဋ္ဌ မစ္စတာကယ်ဗင်သီနီမန်သည် လာမည့်လတွင် အမေရိကန်စီးပွားရေး အဖွဲ့တစ်ခုနှင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ပြန်၍ရမည့် ကြွေးမြီများအတွက် အလှူရှင်နိုင်ငံများနှင့် လာမည့်သုံးလအတွင်း အစည်းအဝေးတစ်ခု ပြုလုပ်ရန်ရှိကြောင်းလည်း မစ္စတာဂေါ့ဖ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ မစ္စတာဂေါ့ဖ်သည် ADB ၏ ဒုတိယဥက္ကဋ္ဌ ငါးဦးမှ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးသွားရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment